[Unicode]

Realme X50 5G ကို လာမယ့် ၇ ရက်နေ့မှာ ကြေညာတော့မှာပါ။ အခုတော့ ကုမ္ပဏီရဲ့ အကြီးတန်း အရာရှိ ၁ ယောက်က Lite မော်ဒယ်ကိုပါ ထုတ်လုပ်ရောင်းချမယ်လို့ အတည်ပြုလိုက်ပါတယ်။ တရုတ်မှာ Realme X50 5G Youth Edition နာမည်နဲ့ ရောင်းမှာ ဖြစ်ပြီး တခြား နိုင်ငံတွေမှာ Realme X50 5G Lite နာမည်နဲ့ ပွဲထွက်လာမှာပါ။

ကုမ္ပဏီက ဝီဘိုမှာ ဓါတ်ပုံ ၁ ပုံ တင်ထားပြီး “Dare to Leap! Youth! Real!” ဆိုတဲ့ စာသားရေးသားထားပါတယ်။ ဓါတ်ပုံမှာ Y စာလုံးကို မြင်ရပါတယ်။ ကုမ္ပဏီရဲ့ ဈေးကွက်မြှင့်တင်ရေး အရာရှိ Xu Qi Chase ကလည်း သူ့ရဲ့ အကောင့်ကနေ Youth Edition လာမယ်ဆိုတာ အရင်က သတင်းပေးထားဖူးပါတယ်။

လာမယ့် အင်္ဂါနေ့မှာ တရုတ်နိုင်ငံ ဘေဂျင်းမှာ မျက်ဝါးထင်ထင် မြင်ရတော့မှာဖြစ်ပြီး မိတ်ဆက်ပွဲ မတိုင်ခင်မှာ ကုမ္ပဏီက Realme X50 5G ရဲ့ Specs တချို့ကို အတည်ပြုထားပြီးပါပြီ။ Dual Punch Hole ဆဲလ်ဖီး ကင်မရာ ထည့်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 64MP Samsung GW1 , 8MP Ultrawide , 13MP 5x Hybrid Zoom နဲ့ 2MP Super Macro ကင်မရာတွေ ပါလာမှာပါ။

၆.၆၇ လက်မ LCD ထည့်ထားပြီး 120Hz Refresh Rate ပါတဲ့အတွက် ဂိမ်းတွေ ကစားရင် ဖလန်းဖလန်းထနေမှာပါ။ Snapdragon 765G Chipset နဲ့ ၂ ရက်ခံတဲ့ ဘက်ထရီ သက်တမ်းပါလာမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ မိနစ် ၃၀ အတွင်းမှာ ၇၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

Realme X50 5G ထက္ ေစ်းသက္သာမယ့္ Lite ေမာ္ဒယ္ ထြက္လာရန္႐ွိ

Realme X50 5G ကို လာမယ့္ ၇ ရက္ေန႔မွာ ေၾကညာေတာ့မွာပါ။ အခုေတာ့ ကုမၸဏီရဲ႕ အႀကီးတန္း အရာရွိ ၁ ေယာက္က Lite ေမာ္ဒယ္ကိုပါ ထုတ္လုပ္ေရာင္းခ်မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ တရုတ္မွာ Realme X50 5G Youth Edition နာမည္နဲ႔ ေရာင္းမွာ ျဖစ္ၿပီး တျခား ႏိုင္ငံေတြမွာ Realme X50 5G Lite နာမည္နဲ႔ ပြဲထြက္လာမွာပါ။

ကုမၸဏီက ၀ီဘိုမွာ ဓါတ္ပံု ၁ ပံု တင္ထားၿပီး “Dare to Leap! Youth! Real!” ဆိုတဲ့ စာသားေရးသားထားပါတယ္။ ဓါတ္ပံုမွာ Y စာလံုးကို ျမင္ရပါတယ္။ ကုမၸဏီရဲ႕ ေစ်းကြက္ျမွင့္တင္ေရး အရာရွိ Xu Qi Chase ကလည္း သူ႔ရဲ႕ အေကာင့္ကေန Youth Edition လာမယ္ဆိုတာ အရင္က သတင္းေပးထားဖူးပါတယ္။

လာမယ့္ အဂၤါေန႔မွာ တရုတ္ႏိုင္ငံ ေဘဂ်င္းမွာ မ်က္၀ါးထင္ထင္ ျမင္ရေတာ့မွာျဖစ္ၿပီး မိတ္ဆက္ပြဲ မတိုင္ခင္မွာ ကုမၸဏီက Realme X50 5G ရဲ႕ Specs တခ်ိဳ႕ကို အတည္ျပဳထားၿပီးပါၿပီ။ Dual Punch Hole ဆဲလ္ဖီး ကင္မရာ ထည့္ထားမွာ ျဖစ္ၿပီး အေနာက္ဘက္မွာ 64MP Samsung GW1 , 8MP Ultrawide , 13MP 5x Hybrid Zoom နဲ႔ 2MP Super Macro ကင္မရာေတြ ပါလာမွာပါ။

၆.၆၇ လက္မ LCD ထည့္ထားၿပီး 120Hz Refresh Rate ပါတဲ့အတြက္ ဂိမ္းေတြ ကစားရင္ ဖလန္းဖလန္းထေနမွာပါ။ Snapdragon 765G Chipset နဲ႔ ၂ ရက္ခံတဲ့ ဘက္ထရီ သက္တမ္းပါလာမယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။ မိနစ္ ၃၀ အတြင္းမွာ ၇၀ ရာခုိင္ႏႈန္း အားျဖည့္ေပးႏုိင္ပါတယ္။

Ref : gsmarena