[Unicode]

Realme က သူ့ရဲ့ ပထမဆုံး 5G ဖုန်း ဖြစ်တဲ့ Realme X50 5G ကို ဇန်နဝါရီလ ၇ ရက်မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက အဲဒီ ဖုန်းရဲ့ အဓိက Specs နဲ့ လုပ်ဆောင်ချက်တွေကိုလည်း မျှဝေထားပြီးပါပြီ။ အဲဒီဖုန်းမှာ Redmi K30 5G မှာလို Dual Punch-hole ကင်မရာတွေ ပါလာမှာ ဖြစ်ပြီး WiFi နဲ့ 5G ကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်မယ်လို့ အတည်ပြုထားပါတယ်။ အဲဒီအတွက် အင်တာနက် အမြန်နှုန်းက လန်ထွက်နေမှာပါ။

ကုမ္ပဏီက အဲဒီ ဖုန်းမှာ မကြာခင်က အသစ်စက်စက် ကြေညာထားတဲ့ Snapdragon 765G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး SA & NSA Dual-mode Networking ကို ထောက်ပံ့မယ်လို့ ပြောထားပါတယ်။ Redmi K30 5G မှာလည်း အဲဒီ Chipset ကို သုံးထားပြီး နောက်ထွက်မယ့် OPPO Reno3 Pro မှာလည်း အဲဒါပဲပါလာမှာပါ။

မကြာခင်ကပဲ ကုမ္ပဏီက အဲဒီ ဖုန်းရဲ့ Cooling System အကြောင်းကို မျှဝေခဲ့ပြီး အပူထုတ်တဲ့ ဧရိယာရဲ့ ၁၀၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် Cooling System မှာ 8mm Ultra-Large Liquid-Cooled Copper Tube ထည့်သွင်းထားမှာပါ။ VOOC 4.0 ကို အဆင့်မြှင့်ထားတဲ့ Fast Charging ပါလာမှာ ဖြစ်ပြီး အဲဒီ နည်းပညာဟာ မိနစ် ၃၀ အတွင်း X50 5G ကို ၇၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်မယ်လို့ သိရပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ Realme X50 5G မှာ ၆.၄၄ လက်မ AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပါတယ်။ အနောက်ကင်မရာတွေက Sony IMX686 , 8MP , 2MP နဲ့ 2MP တွေ ဖြစ်ပြီး အရှေ့ ကင်မရာတွေက 32MP နဲ့ 8MP တွေ ဖြစ်ပါတယ်။ 12GB RAM , 256GB Storage နဲ့ Android 10 အခြေပြု ColorOS 7 တွေ ပါလာနိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

Realme X50 5G ကို ဇန္န၀ါရီလ ၇ ရက္မွာ ေၾကညာမွာ ေသခ်ာၿပီ

Realme က သူ႔ရဲ႕ ပထမဆံုး 5G ဖုန္း ျဖစ္တဲ့ Realme X50 5G ကို ဇန္န၀ါရီလ ၇ ရက္မွာ ေၾကညာမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ကုမၸဏီက အဲဒီ ဖုန္းရဲ႕ အဓိက Specs နဲ႔ လုပ္ေဆာင္ခ်က္ေတြကိုလည္း မွ်ေ၀ထားၿပီးပါၿပီ။ အဲဒီဖုန္းမွာ Redmi K30 5G မွာလို Dual Punch-hole ကင္မရာေတြ ပါလာမွာ ျဖစ္ၿပီး WiFi နဲ႔ 5G ကို တစ္ၿပိဳင္နက္ ခ်ိတ္ဆက္ႏုိင္မယ္လို႔ အတည္ျပဳထားပါတယ္။ အဲဒီအတြက္ အင္တာနက္ အျမန္ႏႈန္းက လန္ထြက္ေနမွာပါ။

ကုမၸဏီက အဲဒီ ဖုန္းမွာ မၾကာခင္က အသစ္စက္စက္ ေၾကညာထားတဲ့ Snapdragon 765G Chipset ေမာင္းႏွင္ထားမွာ ျဖစ္ၿပီး SA & NSA Dual-mode Networking ကို ေထာက္ပံ့မယ္လို႔ ေျပာထားပါတယ္။ Redmi K30 5G မွာလည္း အဲဒီ Chipset ကို သံုးထားၿပီး ေနာက္ထြက္မယ့္ OPPO Reno3 Pro မွာလည္း အဲဒါပဲပါလာမွာပါ။

မၾကာခင္ကပဲ ကုမၸဏီက အဲဒီ ဖုန္းရဲ႕ Cooling System အေၾကာင္းကို မွ်ေ၀ခဲ့ၿပီး အပူထုတ္တဲ့ ဧရိယာရဲ႕ ၁၀၀ ရာခုိင္ႏႈန္းကို ထိန္းခ်ဳပ္ႏုိင္မယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ Cooling System မွာ 8mm Ultra-Large Liquid-Cooled Copper Tube ထည့္သြင္းထားမွာပါ။ VOOC 4.0 ကို အဆင့္ျမွင့္ထားတဲ့ Fast Charging ပါလာမွာ ျဖစ္ၿပီး အဲဒီ နည္းပညာဟာ မိနစ္ ၃၀ အတြင္း X50 5G ကို ၇၀ ရာခုိင္ႏႈန္း အားျဖည့္ေပးႏိုင္မယ္လို႔ သိရပါတယ္။

ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းေတြအရ Realme X50 5G မွာ ၆.၄၄ လက္မ AMOLED မ်က္ႏွာျပင္ ပါလာမွာ ျဖစ္ပါတယ္။ အေနာက္ကင္မရာေတြက Sony IMX686 , 8MP , 2MP နဲ႔ 2MP ေတြ ျဖစ္ၿပီး အေရွ႕ ကင္မရာေတြက 32MP နဲ႔ 8MP ေတြ ျဖစ္ပါတယ္။ 12GB RAM , 256GB Storage နဲ႔ Android 10 အေျချပဳ ColorOS 7 ေတြ ပါလာႏိုင္ပါတယ္။

Ref : gizmochina