[Unicode]

Realme ရဲ့ ပထမဆုံး 5G ဖုန်း ဖြစ်တဲ့ X50 5G ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ထွက်ပေါ်နေပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ CMO Xu Qi Chase က မနေ့ကပဲ အဲဒီ ဖုန်းရဲ့ Teaser ၁ ခုကို မျှဝေလိုက်ပြီး ဇန်နဝါရီလ ၅ ရက်မှာ ကြေညာနိုင်ပါတယ်။ သူက Realme X50 5G ကို ကြေညာဖို့ _ _ ပဲလိုတော့တယ်လို့ စာရေးသားထားပြီး ဓါတ်ပုံက အပြေးလေ့ကျင့်စက် ၂ ခုကြားမှာ ၂၀ ဂဏန်းကို မြင်ရပါတယ်။ အဲဒီ ပို့စ်ကို ၁၆ ရက်နေ့က မျှဝေခဲ့တဲ့အတွက် အဲဒီရက်ကနေ ရက် ၂၀ ကျရောက်တဲ့ နေ့ဟာ ဇန်နဝါရီလ ၅ ရက် ဖြစ်ပါတယ်။

ကုမ္ပဏီက အရှေ့ ကင်မရာ ၂ လုံးပါတဲ့ Dual Punch-hole Display ပါမယ်ဆိုတာ အတည်ပြုပြီးပါပြီ။ မကြာခင်က ကြေညာခဲ့တဲ့ Redmi K30 မှာလည်း ဒီလို Dual Punch-hole Display ပါလာခဲ့ပါတယ်။ Redmi K30 မှာ အရှေ့ကင်မရာတွေကို ညာဘက်ထိပ်မှာ တပ်ဆင်ထားပါတယ်။ ဒါပေမယ့် Realme X50 5G မှာတော့ ဘယ်ဘက်ထိပ်မှာ နေရာချထားမှာပါ။

Realme က X50 5G မှာ Dual-mode 5G ဆက်သွယ်မှု ပါတဲ့ Snapdragon 765G SoC မောင်းနှင်ထားမယ်လို့ မကြာခင်က အတည်ပြုခဲ့ပါတယ်။ Redmi K30 5G မှာလည်း အဲဒီ SoC ကိုပဲ သုံးထားတာပါ။ ကုမ္ပဏီက Realme X50 5G ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ ပြောထားပါသေးတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ ဓါတ်ပုံတွေအရ Realme X50 5G ရဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံးပါမယ်လို့ သိရပါတယ်။ 12GB RAM , 128GB/ 256GB Storage တွေ ပါလာနိုင်ပြီး ColorOS 7 မောင်းနှင်ထားမှာပါ။ 50W Rapid Charging က တော်တော်ကို လန်းမှာပါ။

Ref : gizmochina

[Zawgyi]

Realme X50 5G ကို ဇန္န၀ါရီလ ၅ ရက္မွာ ေၾကညာႏုိင္

Realme ရဲ႕ ပထမဆံုး 5G ဖုန္း ျဖစ္တဲ့ X50 5G ရဲ႕ သတင္းအခ်က္အလက္ေတြ မၾကာခဏ ထြက္ေပၚေနပါတယ္။ အခုေတာ့ ကုုမၸဏီရဲ႕ CMO Xu Qi Chase က မေန႔ကပဲ အဲဒီ ဖုန္းရဲ႕ Teaser ၁ ခုကို မွ်ေ၀လိုက္ၿပီး ဇန္န၀ါရီလ ၅ ရက္မွာ ေၾကညာႏုိင္ပါတယ္။ သူက Realme X50 5G ကို ေၾကညာဖို႔ _ _ ပဲလိုေတာ့တယ္လို႔ စာေရးသားထားၿပီး ဓါတ္ပံုက အေျပးေလ့က်င့္စက္ ၂ ခုၾကားမွာ ၂၀ ဂဏန္းကို ျမင္ရပါတယ္။ အဲဒီ ပို႔စ္ကို ၁၆ ရက္ေန႔က မွ်ေ၀ခဲ့တဲ့အတြက္ အဲဒီရက္ကေန ရက္ ၂၀ က်ေရာက္တဲ့ ေန႔ဟာ ဇန္န၀ါရီလ ၅ ရက္ ျဖစ္ပါတယ္။

ကုမၸဏီက အေရွ႕ ကင္မရာ ၂ လံုးပါတဲ့ Dual Punch-hole Display ပါမယ္ဆိုတာ အတည္ျပဳၿပီးပါၿပီ။ မၾကာခင္က ေၾကညာခဲ့တဲ့ Redmi K30 မွာလည္း ဒီလို Dual Punch-hole Display ပါလာခဲ့ပါတယ္။ Redmi K30 မွာ အေရွ႕ကင္မရာေတြကို ညာဘက္ထိပ္မွာ တပ္ဆင္ထားပါတယ္။ ဒါေပမယ့္ Realme X50 5G မွာေတာ့ ဘယ္ဘက္ထိပ္မွာ ေနရာခ်ထားမွာပါ။

Realme က X50 5G မွာ Dual-mode 5G ဆက္သြယ္မႈ ပါတဲ့ Snapdragon 765G SoC ေမာင္းႏွင္ထားမယ္လို႔ မၾကာခင္က အတည္ျပဳခဲ့ပါတယ္။ Redmi K30 5G မွာလည္း အဲဒီ SoC ကိုပဲ သံုးထားတာပါ။ ကုမၸဏီက Realme X50 5G ရဲ႕ သတင္းအခ်က္အလက္ေတြကို ဒီေလာက္ပဲ ေျပာထားပါေသးတယ္။

ေပါက္ၾကားထြက္ေပၚေနတဲ့ ဓါတ္ပံုေတြအရ Realme X50 5G ရဲ႕ အေနာက္ဘက္မွာ ကင္မရာ ၄ လံုးပါမယ္လို႔ သိရပါတယ္။ 12GB RAM , 128GB/ 256GB Storage ေတြ ပါလာႏုိင္ၿပီး ColorOS 7 ေမာင္းႏွင္ထားမွာပါ။ 50W Rapid Charging က ေတာ္ေတာ္ကို လန္းမွာပါ။

Ref : gizmochina