[Unicode]

Realme X50 5G ကို လာမယ့်လမှာ ကြေညာမယ်လို့ ထင်ပါတယ်။ အဲဒီဖုန်းမှာ VOOC 4.0 ကို အဆင့်မြှင့်ထားတဲ့ Fast Charging ပါမယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်တဲ့အတွက် အားသွင်းနှုန်းက ဖလန်းဖလန်းထနေမှာပါ။ ကုမ္ပဏီက အဲဒီ နည်းပညာဟာ မိနစ် ၃၀ အတွင်း X50 5G ကို ၇၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်မယ်လို့ ပြောပါတယ်။ ဘက်ထရီ ပမာဏကိုတော့ ကုမ္ပဏီက ထိန်ချန်ထားပါသေးတယ်။

VOOC 4.0 ကို အဆင့်မြှင့်ထားတဲ့ ဗားရှင်းမှာ အားသွင်းအမြန်နှုန်းနဲ့ လုံခြုံရေးကို ချိန်ညှိဖို့အတွက် ဉာဏ်ရည်မြင့် Five-chip Protection နဲ့ အားသွင်းတာကို အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးတဲ့ နည်းပညာတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Realme က X50 5G ကို ကြေညာမယ့် နေ့ရက်ကို မပြောသေးပါဘူး။ ဒါပေမယ့် အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို မျှဝေနေတာ လအနည်းငယ် ရှိနေပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အဲဒီ ဖုန်းရဲ့ Cooling System အကြောင်းကို မျှဝေခဲ့ပြီး အပူထုတ်တဲ့ ဧရိယာရဲ့ ၁၀၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် Cooling System မှာ 8mm Ultra-Large Liquid-Cooled Copper Tube ထည့်သွင်းထားမှာပါ။

ကုမ္ပဏီက အဲဒီ ဖုန်းမှာ Snapdragon 765G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 5G နဲ့ WiFi ကွန်ရက် ၂ ခုစလုံးကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်မယ်လို့ ပြောထားပါသေးတယ်။ အဲဒီအတွက် အင်တာနက်လိုင်းက ဖလန်းဖလန်းထနေမှာ သေချာပါတယ်။ ဆဲလ်ဖီး ကင်မရာ ၂ လုံးကို မျက်နှာပြင်ရဲ့ ဘယ်ဘက်အထက်နားမှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ လာမယ့် ရက်တွေမှာ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုပြီး သိလာရတော့မှာပါ။

Ref : gsmarena

[Zawgyi]

Realme X50 5G မွာ VOOC 4.0 ကို အဆင့္ျမွင့္ထားတဲ့ Fast Charging ပါမည္

Realme X50 5G ကို လာမယ့္လမွာ ေၾကညာမယ္လို႔ ထင္ပါတယ္။ အဲဒီဖုန္းမွာ VOOC 4.0 ကို အဆင့္ျမွင့္ထားတဲ့ Fast Charging ပါမယ္လို႔ ကုမၸဏီက အတည္ျပဳလိုက္တဲ့အတြက္ အားသြင္းႏႈန္းက ဖလန္းဖလန္းထေနမွာပါ။ ကုမၸဏီက အဲဒီ နည္းပညာဟာ မိနစ္ ၃၀ အတြင္း X50 5G ကို ၇၀ ရာခုိင္ႏႈန္း အားျဖည့္ေပးႏိုင္မယ္လို႔ ေျပာပါတယ္။ ဘက္ထရီ ပမာဏကိုေတာ့ ကုမၸဏီက ထိန္ခ်န္ထားပါေသးတယ္။

VOOC 4.0 ကို အဆင့္ျမွင့္ထားတဲ့ ဗားရွင္းမွာ အားသြင္းအျမန္ႏႈန္းနဲ႔ လံုျခံဳေရးကို ခ်ိန္ညွိဖို႔အတြက္ ဥာဏ္ရည္ျမင့္ Five-chip Protection နဲ႔ အားသြင္းတာကို အခ်ိန္နဲ႔ တစ္ေျပးညီ ေစာင့္ၾကည့္စစ္ေဆးတဲ့ နည္းပညာေတြ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

Realme က X50 5G ကို ေၾကညာမယ့္ ေန႔ရက္ကို မေျပာေသးပါဘူး။ ဒါေပမယ့္ အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို မွ်ေ၀ေနတာ လအနည္းငယ္ ရွိေနပါၿပီ။ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ အဲဒီ ဖုန္းရဲ႕ Cooling System အေၾကာင္းကို မွ်ေ၀ခဲ့ၿပီး အပူထုတ္တဲ့ ဧရိယာရဲ႕ ၁၀၀ ရာခုိင္ႏႈန္းကို ထိန္းခ်ဳပ္ႏုိင္မယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ Cooling System မွာ 8mm Ultra-Large Liquid-Cooled Copper Tube ထည့္သြင္းထားမွာပါ။

ကုမၸဏီက အဲဒီ ဖုန္းမွာ Snapdragon 765G Chipset ေမာင္းႏွင္ထားမွာ ျဖစ္ၿပီး 5G နဲ႔ WiFi ကြန္ရက္ ၂ ခုစလံုးကို တစ္ၿပိဳင္နက္ ခ်ိတ္ဆက္ႏိုင္မယ္လို႔ ေျပာထားပါေသးတယ္။ အဲဒီအတြက္ အင္တာနက္လိုင္းက ဖလန္းဖလန္းထေနမွာ ေသခ်ာပါတယ္။ ဆဲလ္ဖီး ကင္မရာ ၂ လံုးကို မ်က္ႏွာျပင္ရဲ႕ ဘယ္ဘက္အထက္နားမွာ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ လာမယ့္ ရက္ေတြမွာ အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို ပိုၿပီး သိလာရေတာ့မွာပါ။

Ref : gsmarena