[Unicode]

Realme က X50 ရဲ့ 5G ဆက်သွယ်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။ အဲဒီဖုန်းမှာပါတဲ့ Snapdragon 765G SoC နဲ့ X52 Modem တို့ဟာ WiFi နဲ့ 5G ကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်မယ်လို့ သိရပါတယ်။ အဲဒီအတွက် X50 ရဲ့ အင်တာနက် အမြန်နှုန်းက လန်ထွက်နေမှာပါ။ အရင်ကတော့ 4G နဲ့ WiFi ကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်တဲ့ ဖုန်းတွေထွက်ခဲ့ပါတယ်။

အခုတော့ ဒီနည်းပညာကို 5G မှာပါ သုံးနိုင်မယ်ဆိုတော့ တော်တော်လန်းသွားပါပြီ။ ဒီနည်းပညာက အင်တာနက်လိုင်း မြန်အောင်နဲ့ တည်ငြိမ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Realme X50 ဟာ 2.4GHz နဲ့ 5GHz ကွန်ရက် ၂ ခုစလုံးကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။ X52 Modem ဟာ Standalone (SA) နဲ့ Non-Standalone (NSA) ကွန်ရက်တွေကို ထောက်ပံ့ပါတယ်။

Realme X50 5G ကို ကြေညာမယ့် နေ့ကို ကုမ္ပဏီက အတည်မပြုသေးပါဘူး။ လာမယ့်လ ၂၅ ရက်မှာ ကြေညာမယ်လို့ သတင်းထွက်နေသလို ၅ ရက်နေ့မှာ ချပြမယ်လို့လည်း ပြောနေကြပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ ဓါတ်ပုံတွေအရ Realme X50 5G ရဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံးပါမယ်လို့ သိရပါတယ်။ 12GB RAM ပါလာနိုင်ပြီး 128GB/ 256GB Storage တွေ ရွေးချယ်နိုင်မှာပါ။ နောက်ဆုံးထုတ် ColorOS 7 မောင်းနှင်ထားမှာဖြစ်ပြီး 50W Rapid Charging က တော်တော်ကို လန်းမှာပါ။ ကုမ္ပဏီက အရှေ့ ကင်မရာ ၂ လုံးပါတဲ့ Dual Punch-hole Display ပါမယ်ဆိုတာ အတည်ပြုပြီးပါပြီ။

Ref : gsmarena

[Zawgyi]

Realme X50 5G မွာ WiFi နဲ႔ 5G ကို တစ္ၿပိဳင္နက္ ခ်ိတ္ဆက္ႏိုင္မည္

Realme က X50 ရဲ႕ 5G ဆက္သြယ္မႈနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို မွ်ေ၀လိုက္ပါတယ္။ အဲဒီဖုန္းမွာပါတဲ့ Snapdragon 765G SoC နဲ႔ X52 Modem တို႔ဟာ WiFi နဲ႔ 5G ကို တစ္ၿပိဳင္နက္ ခ်ိတ္ဆက္ႏိုင္မယ္လို႔ သိရပါတယ္။ အဲဒီအတြက္ X50 ရဲ႕ အင္တာနက္ အျမန္ႏႈန္းက လန္ထြက္ေနမွာပါ။ အရင္ကေတာ့ 4G နဲ႔ WiFi ကို တစ္ၿပိဳင္နက္ ခ်ိတ္ဆက္ႏုိင္တဲ့ ဖုန္းေတြထြက္ခဲ့ပါတယ္။

အခုေတာ့ ဒီနည္းပညာကို 5G မွာပါ သံုးႏုိင္မယ္ဆိုေတာ့ ေတာ္ေတာ္လန္းသြားပါၿပီ။ ဒီနည္းပညာက အင္တာနက္လိုင္း ျမန္ေအာင္နဲ႔ တည္ၿငိမ္ေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ Realme X50 ဟာ 2.4GHz နဲ႔ 5GHz ကြန္ရက္ ၂ ခုစလံုးကို တစ္ၿပိဳင္နက္ ခ်ိတ္ဆက္ႏိုင္ပါတယ္။ X52 Modem ဟာ Standalone (SA) နဲ႔ Non-Standalone (NSA) ကြန္ရက္ေတြကို ေထာက္ပံ့ပါတယ္။

Realme X50 5G ကို ေၾကညာမယ့္ ေန႔ကို ကုမၸဏီက အတည္မျပဳေသးပါဘူး။ လာမယ့္လ ၂၅ ရက္မွာ ေၾကညာမယ္လို႔ သတင္းထြက္ေနသလို ၅ ရက္ေန႔မွာ ခ်ျပမယ္လို႔လည္း ေျပာေနၾကပါတယ္။ ေပါက္ၾကားထြက္ေပၚေနတဲ့ ဓါတ္ပံုေတြအရ Realme X50 5G ရဲ႕ အေနာက္ဘက္မွာ ကင္မရာ ၄ လံုးပါမယ္လို႔ သိရပါတယ္။ 12GB RAM ပါလာႏိုင္ၿပီး 128GB/ 256GB Storage ေတြ ေရြးခ်ယ္ႏိုင္မွာပါ။ ေနာက္ဆံုးထုတ္ ColorOS 7 ေမာင္းႏွင္ထားမွာျဖစ္ၿပီး 50W Rapid Charging က ေတာ္ေတာ္ကို လန္းမွာပါ။ ကုမၸဏီက အေရွ႕ ကင္မရာ ၂ လံုးပါတဲ့ Dual Punch-hole Display ပါမယ္ဆိုတာ အတည္ျပဳၿပီးပါၿပီ။

Ref : gsmarena