Realme က ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းရဲ့ Pro Version ကို ဖန်တီးနေပြီး စွမ်းရည်မြင့် Chipset နဲ့ မြန်နှုန်းမြင့် အင်တာနက် ဆက်သွယ်မှု ပါလာမှာပါ။ ဒီ သတင်းကို ကုမ္ပဏီရဲ့ CMO Xu Qi Chase က မျှဝေလိုက်တာ ဖြစ်ပါတယ်။

Realme X50 Pro 5G မှာ Home Wireless Networks တွေထဲမှာ နောက်ဆုံးထုတ် စံနှုန်းဖြစ်တဲ့ WiFi 6 ပါလာမှာ ဖြစ်ပါတယ်။ အဲဒီစံနှုန်းဟာ မကြာခင်က WiFi 5 လို့ နာမည်ပေးလိုက်တဲ့ 802.11ac ရဲ့ စံနှုန်း အသစ် ဖြစ်ပါတယ်။ ဖုန်း WiFi Settings Page ရဲ့  Screenshot မှာ “6” စာလုံးကို မြင်ရပါတယ်။

အဲဒီ ဖုန်းမှာ Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး AnTuTu မှာ ၅၇၀,၀၀၀ မှတ်ရထားပါတယ်။ AnTuTu ရဲ့ ဖေဖော်ဝါရီလအတွက် စွမ်းရည်အမြင့်ဆုံး ဖုန်းမှာ S855+ ထည့်သွင်းထားပြီး ၅၀၄,၀၀၀ ပဲရထားတာပါ။ Realme X50 Pro 5G မှာ LPDDR5 RAM နဲ့ UFS 3.0 Storage ထည့်သွင်းထားမှာပါ။ CMO က 12/256GB Configuration ကို သုံးထားမယ်လို့ အရင်က အတည်ပြုထားပြီး တခြား Configuration တွေလည်း ထွက်လာနိုင်ပါတယ်။

အရင်က ထွက်ရှိထားတဲ့ Realme X50 5G မှာ Snapdragon 765G Chipset မောင်းနှင်ထားပြီး 6/12GB RAM နဲ့ 128/256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။  Realme X50 Pro 5G ကို   ၂၄ ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်။

Ref : gsmarena