Xiaomi နဲ့ Redmi အိန္ဒိယ အရာရှိ Manu Kumar Jain က Redmi K30 Pro ဟာ အိန္ဒိယရဲ့ Satellite Navigation System ဖြစ်တဲ့ NavIC ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ Realme India CEO Madhav Sheth က မကြာခင်က ကြေညာခဲ့တဲ့ Realme X50 Pro ဟာ NavIC ထောက်ပံ့တဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းလို့ ကြွေးကြော်လိုက်ပါတယ်။ Redmi နဲ့ Realme တို့ရဲ့ ယှဉ်ပြိုင်မှုက အိန္ဒိယမှာ ပိုပြင်းထန်လာမှာပါ။

Sheth က NavIC ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း အပြင် ဒုတိယဖုန်းကိုလည်း Realme က မတ်လ ၅ ရက်နေ့မှာ ချပြမယ်လို့ ပြောပါတယ်။ အဲဒီနေ့ဟာ Realme 6 Series ကို မိတ်ဆက်မယ့်နေ့ ဖြစ်ပါတယ်။ အဲဒီအတွက် အနည်းဆုံး Realme 6 Pro မှာ အဲဒီ နည်းပညာ ပါလာနိုင်ပါတယ်။

Realme နဲ့ Redmi ဟာ ကမ္ဘာ့ပထမဆုံး ဆိုတဲ့ ဂုဏ်ပုဒ်ကို လုနေတာ ဒါပထမဆုံး မဟုတ်ပါဘူး။ မကြာခင်ကပဲ 64MP ကင်မရာပါတဲ့ ပထမဆုံးဖုန်း ဂုဏ်ပုဒ်ကို လုခဲ့ကြပါတယ်။ Redmi Note 8 Pro နဲ့ Realme XT တို့မှာ 64MP ကင်မရာတွေ အပြိုင်အဆိုင် ထည့်သွင်းရောင်းချခဲ့ကြပါတယ်။ တန်ဖိုးနည်း ဖုန်းတွေ ထုတ်လုပ်ဖို့အတွက် Xiaomi က Redmi နဲ့ OPPO က Realme Brand တွေကို တည်ထောင်ခဲ့ပါတယ်။ Redmi နဲ့ Realme တို့ဟာ ကမ္ဘာ့ အကြီးမားဆုံး ဖုန်းဈေးကွက် ၁ ခု ဖြစ်တဲ့ အိန္ဒိယမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်နေပါတယ်။

Ref : gsmarena