realme က ဂိမ်းအသားပေး X50 Pro Player ကို မေလ ၂၅ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး X50 Pro 5G ကို အများကြီး အခြေပြု တည်ဆောက်ထားတာပါ။ အခုတော့ TENAA မှာ X50 Pro Player ရဲ့ Specs တွေထွက်ပေါ်လာပြီး ကွဲပြားတာတွေကို သိလာရပါပြီ။ ဖုန်း ၂ လုံးစလုံးဟာ ဒီဇိုင်း၊ Chipset နဲ့ Memory တွေ တူညီကြပေမယ့် မော်ဒယ်အသစ်မှာ ကင်မရာတွေ အားနည်းသွားပြီး 48MP Main နဲ့ 16MP Front ကင်မရာတွေ ပါလာမှာပါ။

realme X50 Pro Player မှာ ၆.၄၄ လက်မ OLED Full HD+ မျက်နှာပြင် ပါလာပြီး လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။ 6/8/12GB RAM နဲ့ 128/256/512GB Storage တွေ ထုတ်လုပ်ထားမှာပါ။ အနောက်ဘက်မှာ 48MP,8MP,2MP နဲ့ 2MP ကင်မရာ ၄ လုံးပါလာမှာ ဖြစ်ပြီး X50 Pro မှာ 64MP,12MP Telephoto , 8MP Ultrawide နဲ့ 2MP Depth ကင်မရာတွေ ထည့်ထားပါတယ်။ realme က Zoom Lens အစား Macro ကင်မရာနဲ့ အစားထိုးထားတာပါ။

အရှေ့ကင်မရာတွေကလည်း အားနည်းသွားပြီး 32MP Main , 8MP Ultrawide အစား 16MP နဲ့ 2MP ကင်မရာတွေ ပါလာမှာပါ။ realme က ကင်မရာအပိုင်းမှာ ကုန်ကျစားရိတ် လျှော့ချထားတာ သေချာပေမယ့် X50 Pro Player ဟာ စွမ်းဆောင်ရည် တော်တော်လန်းမှာပါ။ realme UI မှာ ဂိမ်းကစားရင် မြန်ဆန်သွက်လက်စေမယ့် Boosters တွေ ပါလာမှာပါ။

Ref : gsmarena