Realme ဟာ လာမယ့် မေလ ၂၅ ရက်နေ့မှာ X50 Pro Player ကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်မဆက်ခင်မှာ ဟန်းဆက်နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို ထုတ်ဖော်ပြသနေတာကို တွေ့မြင်ရပါတယ်။ Teaser တွေကတစ်ဆင့် သိလာရတာက Realme X50 Pro Player ရဲ့ မျက်နှာပြင်အကြောင်း ဖြစ်ပါတယ်။

ဒီဗားရှင်းဟာ ဂိမ်းမင်းပိုင်းကို ဦးစားပေးထားတာကြောင့် ဂိမ်းကစားခြင်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံ၊ စွမ်းဆောင်ရည်၊ ချိတ်ဆက်မှုတွေကောင်းစေမယ့် Feature တွေကို အဆင့်မြှင့်တင်ထားတာ တွေ့ရပါတယ်။ ဒီအထဲမှာ အရေးပါတဲ့အချက်တွေအဖြစ် Cooling, Audio စတာတွေပါဝင်သလို အခုမြင်တွေ့ရတဲ့ Display ပိုင်းလည်း ပါဝင်ပါတယ်။

Realme X50 Pro ဟာ 6.44-inch Super AMOLED panel နဲ့ဖြစ်ပြီး 90Hz refresh rate ထောက်ပံ့ပေးပါတယ်။ ဒါဟာ Regular Pro နဲ့ အတူတူပါပဲ။ Touch sample rate ကတော့ 180Hz ဖြစ်တဲ့အပြင် ပိုမိုမြန်ဆန်တဲ့ တုံ့ပြန်မှုတွေအတွက် Software ပိုင်းကိုလည်း ချိန်ညှိထားကြောင်း Realme က ဆိုပါတယ်။

ကုမ္ပဏီကကြော်ငြာတဲ့ Teaser တွေမှာတော့ 90Hz ကို ထောက်ပံ့တဲ့ Android ဂိမ်းတွေဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ခေတ်အရရေပန်စားနေတဲ့ PUBG ကနေ King of Fighters 98 လိုဂိမ်းမျိုးအထိ Snapdragon 865 ရဲ့ စွမ်းဆောင်ရည်၊ Adreno GPU ရဲ့ ထောက်ပံ့မှုတွေနဲ့အတူ 90Hz ကို အပြည့်အဝ ရယူခံစားနိုင်မယ်လို့ ယုံကြည်ရပါတယ်။

မျက်နှာပြင်ဟာ HDR10+ ကို ထောက်ပံ့ပေးပြီး P3 color space ကို ၁၀၀% လွှမ်းခြုံနိုင်တယ်လို့ ဆိုပါတယ်။ အမြင့်ဆုံးတောက်ပမှု 1,100nits ဖြစ်ပြီး Special E3 luminescent material တွေက စွမ်းအင်သုံးစွဲမှုကို ၇% လျှော့ချနိုင်ဖို့ ကူညီပါလိမ့်မယ်။ လာမယ့် မေလ ၂၅ ရက်နေ့မှာ X3 စီးရီးအပါအဝင် အခြားထုတ်ကုန် ၇ မျိုးနဲ့အတူ မိတ်ဆက်မှာဖြစ်တဲ့အတွက် အချက်အလက်အပြည့်အစုံကို မကြာခင်သိရတော့မှာ ဖြစ်ပါတယ်။

Ref: GSM Arena