အိန္ဒိယမှာ realme ဟာ X7 ကို ကြေညာဖို့ တာစူနေပါတယ်။ စီအီးအို Madhav Sheth က ဈေးသက်သက်သာသာနဲ့ 5G ဖုန်း ကိုင်နိုင်မယ်လို့ သတင်းပေးထားပြီး အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင် အိန္ဒိယက BIS မှာ realme X7 ကို မှတ်ပုံတင်ထားကြောင်း သတင်းထွက်လာပါတယ်။

BIS certification listing

အဲဒီအတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ အစောဆုံး အနေနဲ့ ကြေညာနိုင်ပြီး Madhav Sheth က နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် ရောင်းမယ်လို့ သတင်းပေးထားပြီးပါပြီ။ realme X7 အပြင် X7 Pro လည်း ပါလာနိုင်ပြီး  လာမယ့် ရက်ပိုင်းအတွင်းမှာ အဲဒီဖုန်းတွေရဲ့ သတင်းတွေကို ပိုမို သိလာရနိုင်ပါတယ်။

Realme X7 bags BIS certification before imminent India launch

အဲဒီဖုန်းတွေကို အာဏာပိုင် အဖွဲ့အစည်း တော်တော်များများမှာ မှတ်ပုံတင်ထားပြီ ဖြစ်ပါတယ်။  ၂ လုံးစလုံးမှာ တန်ဖိုးနည်း 5G MediaTek Dimensity Chipset ပါလာမှာ ဖြစ်ပြီး X7 မှာ 800U နဲ့ X7 Pro မှာ 1000+ တွေ အသီးသီး ပါလာနိုင်ပါတယ်။

realme X7 မှာ 6GB or 8GB RAM နဲ့ 128GB UFS 2.1 Storage ပါလာမှာ ဖြစ်ပြီး X7 Pro မှာ 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ X7 မှာ ၆.၄ လက်မ AMOLED မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါလာမှာပါ။ 32MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားပြီး 65W Fast Charging ပါတဲ့ 4,300mAh ဘက်ထရီ ပါလာပါတယ်။

Ref : gsmarena