realme India က X7 Series တွေကို ရောင်းမယ်လို့ သတင်းပေးထားပြီးပါပြီ။ အခုတော့ ဘယ်အချိန်ရောင်းမလဲ ဆိုတာ သိလာရပါပြီ။ realme India ရဲ့ CEO Madhav Sheth က ၂၀၂၁ ခုနှစ်ကျမှ အိန္ဒိယမှာ ရောင်းမယ်လို့ အတည်ပြုလိုက်ပါတယ်။

Sheth က Mediatek Chipsets တွေနဲ့ ပတ်သက်ပြီး ဘယ်လို ထင်သလဲလို့ ပြီးခဲ့တဲ့ လက Fans တွေကို မေးမြန်းခဲ့ပြီး နောက်ထပ် Tweet ၁ ခုမှာ realme X7 နဲ့ realme X7 Pro နဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေကို သိလိုကြောင်း ပြောခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းတွေမှာ Dimensity 800U နဲ့ Dimensity 1000+ Chipset တွေ အသီးသီး ထည့်သွင်းထားကြပါတယ်။

Madhav Sheth က အိန္ဒိယမှာ 5G ကွန်ရက် မရသေးပေမယ့် 5G ရဲ့ အနာဂတ် အကြောင်းကို အသားပေး ပြောကြားနေပါတယ်။ သူက အနာဂတ်မှာ အိန္ဒိယက လူတွေဟာ realme X7 စမတ်ဖုန်းတွေကို ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ထားပါတယ်။

realme ဟာ ဒီနှစ် အစောပိုင်းမှာ ကုမ္ပဏီရဲ့ အိန္ဒိယအတွက် ပထမဆုံး 5G စမတ်ဖုန်း ဖြစ်တဲ့ realme X50 Pro ကို ကြေညာခဲ့ပါတယ်။ ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ်မှာ အိန္ဒိယအတွက် 5G စမတ်ဖုန်းတွေကို ပိုမို ရောင်းချပေးဖို့ ကြိုးစားနေပါတယ်။

Ref : gsmarena