realme ကနေ လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ X7 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ လက်ရှိသိထားတဲ့သတင်းတွေအရတော့ realme X7 နဲ့ X7 Pro ဖုန်းတွေအပြင် realme X7 Pro Special Edition စမတ်ဖုန်းကိုပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

အဆိုပါ realme X7 Pro Special Edition ဖုန်းကို realme X7 Pro Player လို့လည်း နာမည်ပေးထားနိုင်ပြီးတော့ Qualcomm Snapdragon 860 Chipset ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ ဒါက ပုံမှန် realme X7 Pro ဖုန်းမှာ MediaTek Dimensity 1000+ Chipset ကိုပဲ အသုံးပြုထားမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ ပိုကောင်းလာဖွယ်ရှိနေပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Snapdragon 860 Chipset ကို Qualcomm ကနေ တရားဝင်မိတ်ဆက်ထားခြင်းမရှိတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ ဘယ်လိုရှိမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဖြစ်နိုင်တာကတော့ Qualcomm Snapdragon 855 နဲ့ 865 ကြားထဲမှာပဲရှိဖို့ များနေပါတယ်။ realme X7 Pro Player Edition ဟာ ပထမဆုံး Snapdragon 860 Chipset နဲ့ စမတ်ဖုန်းတောင် ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

realme ဟာ ယခုနှစ်အစောပိုင်းတုန်းကလည်း X50 Pro Player Edition ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့ပါသေးတယ်။ အဆိုပါ X50 Pro Player Edition ကတော့ အခု realme X7 Pro Player Edition လိုမျိုး Chipset ပြောင်းလဲခြင်းမရှိပေမယ့် Gaming ပိုင်းအတွက် Cooling နဲ့ Heat ပိုင်းအတွက် ပိုပြီးကောင်းမွန်အောင် Update ပြုလုပ်ထားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် realme X7 Series ဖုန်းတွေဟာ 120Hz AMOLED Display ကို ပထမဆုံးအနေနဲ့အသုံးပြုလာမယ့် realme စမတ်ဖုန်းတွေဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ တော်တော်လေးကို ကောင်းမွန်လာဖွယ်ရှိနေပါတယ်။

Ref – GSM Arena