realme ကနေ လာမယ့်စက်တင်ဘာလ ၁ ရက်နေ့မှာ စမတ်ဖုန်း Series အသစ်တွေကို မိတ်ဆက်သွားဖို့ရှိနေတယ်ဆိုတာကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်း Series ကိုတော့ realme X7 လို့ ခေါ်ဆိုသွားမှာဖြစ်ပြီး realme အတွက် Flagship Series ဖုန်းတွေတောင်ဖြစ်လာနိုင်ပါတယ်။

realme ကနေ ဖုန်း Design နဲ့ပတ်သက်ပြီးတော့ ပြောကြားခဲ့ခြင်းမရှိပေမယ့် Display အနေနဲ့ကတော့ 120Hz Refresh Rate ကို Support ပြုလုပ်တဲ့ AMOLED Display ကို အသုံးပြုထားမယ်ဆိုတာကိုတော့ အတည်ပြုပေးခဲ့ပါတယ်။ ယခင်တုန်းက realme ကနေ 120Hz Refresh Rate ကို LCD Display နဲ့ပဲ မိတ်ဆက်ခဲ့ဖူးတဲ့အတွက် အခု realme X7 Series က ပိုပြီးထူးခြားနေတယ်လို့တောင် ပြောနိုင်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ realme X7 Series ဖုန်းတွေဟာ 5G Support ကိုလည်းရရှိမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Processor ပိုင်းမှာတော့ ဘယ် Processor ကို အသုံးပြုလာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ MediaTek Dimensity 800U Chipset ကို အသုံးပြုလာနိုင်ပါတယ်။

realme ကနေ ထုတ်ပြန်ခဲ့တဲ့ Poster ဓါတ်ပုံအရလည်း “Thin and Light Flash Charging Flagship” ဆိုပြီး ရေးသားထားတဲ့အတွက် ဖုန်းက Design ပိုင်းအရ ပါးလွှာမယ့်အပြင် အနည်းဆုံး 65W Fast Charging ပါဝင်ဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် realme X7 Series ဟာ ခုနှစ်အတွက် realme အတွက် အကောင်းဆုံးဖုန်းတွေဖြစ်လာနိင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena