realme X7 Series တွေကို နောက်လ ၁ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး realme က အဲဒီဖုန်းတွေအကြောင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းကစတင်ကာ Tease လုပ်နေပါတယ်။ အခုတော့ realme ရဲ့ အရာရှိတွေက X7 နဲ့ X7 Pro ရဲ့ တရားဝင် ပိုစတာတွေကို မျှဝေလိုက်ပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ ဒီဇိုင်းတွေက တူညီပြီး အနောက်ဘက်ဟာ အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပါတယ်။

ဖုန်း ၂ လုံးစလုံးရဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို လေးထောင့်အကွက်ထဲမှာ ထည့်ထားပြီး အနောက်ဘက် ညာဘက်ခြမ်းမှာ Dare to Leap စာသားကြီးကြီး ရေးထိုးထားပါတယ်။ အနောက်ဘက် အရောင်ဟာ ရှုထောင့်အပေါ်မူတည်ကာ မတူတဲ့ အရောင်တွေ ပြောင်းသွားပါတယ်။

realme X7 နဲ့ X7 Pro တို့မှာ ၆.၄၃ လက်မနဲ့ ၆.၅၅ လက်မ OLED မျက်နှာပြင်တွေ အသီးသီး ထည့်သွင်းထားပြီး 32MP အရှေ့ ကင်မရာနဲ့ 64MP အပါအဝင် အနောက်ကင်မရာ ၄ လုံး ပါလာမှာပါ။ X7 ရဲ့ Processor ကို မသိရသေးပေမယ့် X7 Pro မှာ Dimensity 1000+ Processor ပါလာမှာ ဖြစ်ပြီး တရုတ်မှာ Redmi K30 Ultra 5G ကို လိုက်ဖိုက်မှာပါ။

ဖုန်း ၂ လုံးစလုံးမှာ Android 10 အခြေပြု realme UI ပါလာမှာ ဖြစ်ပြီး X7 မှာ 4300mAh နဲ့ X7 Pro မှာ 4500mAh ဘက်ထရီတွေ ထည့်ထားမှာပါ။ ဖုန်း ၂ လုံးစလုံးမှာ 65W Fast Charging နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာမှာပါ။ 8GB RAM နဲ့ 256GB Storage တွေအထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

X7 , X7 Pro တို့နဲ့အတူ X7 Pro Ultra လည်း ပါလာနိုင်ပြီး ပိုကောင်းတဲ့ 125W Charging ထည့်ထားနိုင်ပါတယ်။

Ref : gizmochina