realme Myanmar ကအသစ်မိတ်ဆက်ပေးထားသည့် ကမ္ဘာ့ပထမဆုံး Helio G80 Processor ပါဝင်သော realme 6i စမတ်ဖုန်းသစ်ကို ယခုအချိန်တွင် ငွေကျပ်သုံးသောင်းပေးသွင်းကာ ကြိုတင် Pre-order များမှာယူနိုင်ပြီဖြစ်သည်။ လက်ရှိတွင် RAM 4GB+ROM 128GB version တစ်မျိုးတည်းကိုသာ ကြိုတင်မှာယူနိုင်ပြီး ဈေးနှုန်း ၂၉၉,၉ဝဝ ကျပ်ဖြင့် မတ်လ ၂၉ရက်မှစတင်ကာ တစ်နိုင်ငံလုံးတွင် စတင်ရောင်းချပေးသွားမည်ဖြစ်သည်။

လက်ရှိတွင် Pre-order မှာယူသူများအနေဖြင့် realme Brand T-shirt နှင့် Mini Bluetooth Speaker တို့ပါဝင်သည့် Gift-set box ကိုလက်ဆောင်အဖြစ်ရရှိနိုင်မည်ဖြစ်သလို realme Myanmar Facebook Page အောက်ရှိ Pre-order post အောက်တွင် သက်ဆိုင်ရာ ကြိုတင်မှာယူထားသည့် ကဒ်ကို ဓာတ်ပုံရိုက်ကာ comment အဖြစ်ပြသပါက နောက်ထပ် realme 6i တစ်လုံးကိုပါ ဆက်လက်ကံထူးနိုင်မည်ဖြစ်ပြီး စုစုပေါင်း ကံထူးရှင် ၃ဦးအထိရွေးချယ်ပေးသွားမည်ဖြစ်သည်။ RAM 3GB+ROM 64GB version ကိုမူ ဧပြီလအတွင်းမှစတင်ကာ တိုက်ရိုက်ရောင်းချပေးသွားရန်စီစဉ်ထားသည်။

လက်ရှိတွင် realme 6i စမတ်ဖုန်းကို Gamer များဖြစ်ကြသည့် Original Matt ၊ Ingyin နှင့် Kee တို့က လက်တွေ့စမ်းသပ်ကစားထားကြပြီး ၎င်းတို့၏ Gaming အတွေ့အကြုံကောင်းများကိုပါ ပြန်လည်ဝေမျှပေးထားကြသည်။ realme 6i နှင့်ပတ်သက်၍ ၎င်းတို့နှစ်သက်သဘောကျသည့်အချက်များမှာ ကြီးမားသည့် 6.5-inch မျက်နှာပြင်ပါဝင်ခြင်း၊ စွမ်းဆောင်ရည်မြင့်မားသည့် Helio G80 Processor ပါဝင်ခြင်း၊ ဂိမ်းများကိုကြာကြာကစားနိုင်စေမည့် 5000mAh Battery ပါဝင်ခြင်းနှင့် အားသွင်းမြန်ဆန်သော 18W (Type-C Quick Charge) စနစ်တို့ပါဝင်နေသည့်အချက်များဖြစ်သည်။ realme 6i တွင် Network Latency အပိုင်းကို အနည်းဆုံးလျှော့ချပေးထားခြင်းကြောင့် အထစ်အငေါ့မရှိသည့် Gaming အတွေ့အကြုံကို ပိုမိုရရှိစေဦးမည်ဖြစ်သည်။

ကင်မရာရိုက်ကူးမှုအပိုင်းတွင်လည်း 48MP ပင်မကင်မရာနှင့်အတူ 8MP Wide-angle Lens၊ 2MP Depth Sensor Lens နှင့် 2MP Ultra Micro Lens တို့ပါဝင်ကာ ရှေ့ဘက် Selfie ကင်မရာ 16MP အရည်အသွေးထိရရှိစေမည်ဖြစ်သည်။ Android 10 ကိုအခြေပြုထားသည့် realme ၏ ကိုယ်ပိုင် UI ကိုလည်း realme 6i တွင် ထိတွေ့အသုံးပြုရမည်ဖြစ်သည်။ realme 6i အတွက် Green Tea (အစိမ်းရင့်ရောင်) နှင့် White Milk (နို့နှစ်အဖြူရောင်) ၂မျိုးကို ရွေးချယ်နိုင်မည်ဖြစ်သည်။