Realme ဟာ သာမန်အရွယ်အစားရှိတဲ့ ဖုန်းတွေမှာ 10,000mAh ဘက်ထရီပမာဏ ထည့်သွင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီနှစ်အစောပိုင်းမှာ ကုမ္ပဏီက ၈.၅ မီလီမီတာပဲ ထူပြီး ၂၁၅ ဂရမ်ပဲ လေးတဲ့ နမူနာဖုန်းတစ်လုံးကို ပြသခဲ့ပါတယ်။ ဒါပေမဲ့ ဈေးကွက်မှာ ရောင်းချမယ့် မော်ဒယ်ကတော့ ဒီနှစ်ထဲမှာ အဆင်သင့်ဖြစ်မှာ မဟုတ်သေးဘဲ မကြာခင်မှာ ထွက်ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။
Realme ရဲ့ ဒုဥက္ကဋ္ဌ Chase Xu ရဲ့ အပြောအရ 10,000mAh ဖုန်းကို ၂၀၂၆ ခုနှစ် အစောပိုင်းမှာ မိတ်ဆက်ဖို့ အဆင်သင့်ဖြစ်မှာ ဖြစ်ပါတယ်။ အဲဒီဖုန်းဟာ 828 Fan Festival မှာ ပြသခဲ့တဲ့ Realme Chill Fan Phone concept အပေါ် အခြေခံထားမလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အဲဒီ concept ဖုန်းမှာ အအေးပေးပန်ကာနဲ့အတူ အပူစုပ်အအေးပေးစနစ် (Peltier element) တစ်ခုလည်း ပါဝင်ပြီး ကုမ္ပဏီက 15,000mAh ဘက်ထရီပါဝင်တဲ့ ဖုန်းတစ်လုံးကိုလည်း ပြသခဲ့ပါသေးတယ်။
ဒါပေမဲ့ အဲဒါတွေကတော့ အနာဂတ်အတွက် ဖြစ်ပါတယ်။ Realme ဟာ ဒီနှစ်ထဲမှာ 7,500mAh ဘက်ထရီပါဝင်တဲ့ ဖုန်းတစ်လုံးကို မိတ်ဆက်ဖို့ မျှော်မှန်းထားပါတယ်။ လက်ရှိမှာ ကုမ္ပဏီမှာ 7,000mAh ဘက်ထရီပါတဲ့ မော်ဒယ်အများအပြားနဲ့ 7,200mAh ဘက်ထရီပါတဲ့ မော်ဒယ်နှစ်မျိုး (တရုတ်မှာရတဲ့ Neo7 Turbo နဲ့ GT7) ရှိနေပါတယ်။ ဒါကြောင့် 7,500mAh ဟာ လာမယ့်နှစ်အစောပိုင်းမှာ ထွက်လာမယ့် 10,000mAh နဲ့ အဲဒီနောက်ပိုင်းမှာ ထွက်လာမယ့် ပိုကြီးတဲ့ ဘက်ထရီတွေအတွက် ခြေလှမ်းလေးတစ်ခုပဲ ဖြစ်လာမှာပါ။
Ref : gsmarena