realme ဟာ ယခုနှစ်မှာ ပုံမှန် Mid Range ဖုန်းတွေတင်မဟုတ်ဘဲ Flagship စမတ်ဖုန်းတွေကိုပါ နှစ်အစောပိုင်းမှာ မိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ထူးခြားတာတစ်ခုကတော့ အဆိုပါ realme Flagship ဖုန်းတွေဟာ Qualcomm ရဲ့ Snapdragon 888 Chipset အပြင် MediaTek Dimensity 1200 Chipset ကိုပါ အသုံးပြုလာမှာဖြစ်ပါတယ်။

အခုသိရတတဲ့သတင်းတွေအရတော့ realme X9 Pro ဖုန်းဟာ Dimensity 1200 Chipset ကို အသုံးပြုလာမှာဖြစ်ပြီး realme Race Pro ကတော့ Snapdragon 888 Chipset ကို အသုံးပြုမယ်လို့ သိရပါတယ်။ လက်ရှိထွက်ရှိလာတဲ့ Specification အရတော့ ဒီ Flagship ဖုန်း ၂ လုံးစလုံးဟာ စိတ်ဝင်စားဖို့ကောင်းနေပြီး အထူးသဖြင့် realme Race Pro ဖုန်းက လက်ရှိတခြား Flagship ဖုန်းတွေထက်တောင် ပိုစွမ်းဆောင်ရည်ကောင်းနေမှာဖြစ်ပါတယ်။

realme Race Pro ဟာ Display ပိုင်းမှာ 6.8″ OLED Display ကို အသုံးပြုထားပြီး QHD+ Resolution ကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတဲ့အချက်ကတော့ Refresh Rate ပိုင်းမှာ 160Hz အထိ ရရှိမယ်လို့ သိရပါတယ်။ လက်ရှိ Xiaomi Mi 11 နဲ့ Samsung S21 Ultra ဖုန်းတွေတောင်မှ QHD+ Display ကို 120Hz Refresh Rate ပဲရရှိတဲ့အတွက် realme Race Pro ဟာ Refresh Rate အမြင့်ဆုံး Flagship ဖုန်းတောင် ဖြစ်လာနိုင်ပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 5000mAh Battery အပြင် 125W Fast Charging ကိုပါ ထည့်သွင်းလာမှာဖြစ်ပါတယ်။ Camera ပိုင်းမှာတော့ 64MP + 13MP + 13MP Triple Camera Setup ကိုပဲ အသုံးပြုလာဖွယ်ရှိနေပါတယ်။

တစ်ဖက်မှာတော့ realme X9 Pro ဖုန်းဟာ Dimensity 1200 Chipset အပြင် 6.4″ Full HD+ OLED 120Hz Display ၊ 65W Fast Charging ပါဝင်တဲ့ 4500mAh Battery တွေပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းမှာတော့ 108MP + 13MP + 13MP Camera Setup ပါဝင်မယ်လို့ သိရတဲ့အတွက် realme Race Pro ထက် အနည်းငယ်ပိုကောင်းလာနိုင်ပါတယ်။

အဆိုပါ realme Flagship စမတ်ဖုန်း ၂ မျိုးစလုံးဟာ Android 11 ကို အခြေခံထားတဲ့ realme UI 2.0 ကို အသုံးပြုထားမှာဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်အတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Ref – Android Authority