realme က 320W Charging နည်းပညာကို တရားဝင် ကြေညာလိုက်ပါပြီ။ 320W SuperSonic Charge လို့ အမည်ပေးထားပြီး ကမ္ဘာ့ အမြန်ဆုံး စမတ်ဖုန်း အားသွင်း နည်းပညာ ဖြစ်ပါတယ်။

realme က 320W SuperSonic Charge နည်းပညာဟာ ၄ မိနစ်နဲ့ ၃၀ စက္ကန့်အတွင်း ဖုန်း Battery ကို ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။ ၁ မိနစ်မှာ ၂၆ ရာခိုင်နှုန်းနဲ့ ၂ မိနစ်မှာ ၅၀ ရာခိုင်နှုန်းကျော် အားသွင်းပေးနိုင်ပါတယ်။

Realme's 320W charging tech is here to fill up your phone's tank in under 5  minutes... soon - PhoneArena

realme ရဲ့ 320W Charging နည်းပညာဟာ ၄ မိနစ်နဲ့ ၅၅ စက္ကန့်အတွင်း 4,000mAh Battery ကို အားအပြည့်သွင်းပေးနိုင်တဲ့ Redmi ရဲ့ 300W နည်းပညာထက် အနည်းငယ် ပိုမြန်ပါတယ်။ realme ရဲ့ နည်းပညာဟာ ၅ မိနစ်အောက်အတွင်း 4,400mAh Battery ကို အားအပြည့်သွင်းပေးနိုင်ပါတယ်။

realme က 320W Power Adapter ကို “Pocket Cannon” လို့ အမည်ပေးထားတယ်လို့ ပြောပြီး Power Density က 3.3W/cm3 ရှိကာ realme 240W Charger ထက် အရွယ်အစား ပိုသေးတယ်လို့ ပြောပါတယ်။

320W SuperSonic Charge အပြင် realme က 4,420mAh Folded Battery ကို မိတ်ဆက်လိုက်ပြီး realme ဟာ Foldable Device ၁ လုံးကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပုံရပါတယ်။

Ref : gsmarena