Nubia က Red Magic TWS နားကြပ်ကို Nubia Watch နဲ့အတူ တရုတ်မှာ ဇူလိုင်လက ကြေညာခဲ့ပါတယ်။ အခုတော့ နားကြပ်ကို နိုင်ငံတကာမှာ Red Magic Cyberpods နာမည်နဲ့ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Red Magic Cyberpods TWS announced for global markets

နားကြပ်ဟာ နားထဲ ထည့်သွင်း ဝတ်ဆင်ရတဲ့ ဒီဇိုင်း ဖြစ်ပြီး အံဝင်ခွင်ကျ ဖြစ်စေဖို့ ချိန်ညှိလို့ရတဲ့ Hooks တပ်ဆင်ထားပါတယ်။ နားကြပ် တစ်ဖက်စီမှာ 8mm Drivers တွေ ထည့်သွင်းထားပြီး Bluetooth 5.0 ဆက်သွယ်မှုနဲ့ Touch Controls တွေ ပါပါတယ်။ Low-latency Mode ပါတဲ့အတွက် ဖုန်းကနေ လာတဲ့ အသံနောက်ကျတာကို လျှော့ချပေးနိုင်ပြီး ခလုတ် ၁ ချက်နှိပ်လိုက်ရင် Nubia ဖုန်းတွေနဲ့ မြန်မြန်ဆန်ဆန် ချိတ်ဆက်နိုင်ပါတယ်။ နားကြပ်နဲ့ Charging Case က ဘက်ထရီ ၂ ခုပေါင်းရင် ဘက်ထရီ သက်တမ်းက နာရီ ၂၀ ဖြစ်ပြီး နားကြပ်ကို USB-C Port ကနေ အားသွင်းနိုင်ပါတယ်။

RGB Lighting မပါရင် Gaming ထုတ်ကုန်လို့ မပြောနိုင်ပါဘူး။ အဲဒီအတွက် Nubia ဟာ Cyberpods မှာ သေချာပေါက် ထည့်သွင်းပေးထားပါတယ်။ ဒေါ်လာ ၅၀ သတ်မှတ်ထားပြီး ၆ သောင်းခွဲလောက် ကျသင့်မှာပါ။ ဒီလ ၂၀ ရက်နေ့ Nubia ရဲ့ ဝက်ဘ်ဆိုက်ကနေ စတင် ရောင်းချပေးမှာပါ။

Red Magic Cyberpods TWS announced for global markets

ဒါ့အပြင် Red Magic 5 ရဲ့ Eclipse Black အရောင် အသစ်ကိုလည်း ကြေညာလိုက်ပါတယ်။ အနက်ရောင် ဖြစ်ပြီး အနောက်ဘက်မှာ ငွေနဲ့ အနီရောင်တွေ ထည့်သွင်းထားတာက လှပပါတယ်။ 8GB RAM နဲ့ 128GB Storage ပါလာပြီး ၅၇၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈ သိန်း ၈ သောင်းလောက် ကျသင့်မှာ ဖြစ်ပြီး ဥရောပမှာ ဒီလ ၂၀ ရက်နဲ့ နိုင်ငံတကာမှာ နောက်ပိုင်း ရောင်းမှာပါ။

Ref : gsmarena