Redmi က သတင်းများစွာ ထွက်နေတဲ့ Redmi 10X နဲ့ 10X Pro ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ Redmi 10X Series မှာ ၆.၅၇ လက်မ Samsung AMOLED မျက်နှာပြင် ပါလာပြီး FullHD+ Resolution ထောက်ပံ့ထားပါတယ်။ HDR10 , DC Dimming နဲ့ 800nit Brightness တွေ ထောက်ပံ့ပေးထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ ပူပူနွေးနွေး ကြေညာထားတဲ့ MediaTek Dimensity 820 5G Chipset မောင်းနှင်ထားပါတယ်။  5G+5G Dual Standby Support ပါလာပြီး တစ်ပြိုင်နက်ထဲ SIM Slot ၂ ခုမှာ 5G သုံးနိုင်ပါတယ်။ 8GB LPDDR4X RAM နဲ့ 256GB Storage အထိ ထောက်ပံ့ပြီး 10X ရဲ့ အနောက်ဘက်မှာ 48MP Main , 8MP Wide-angle နဲ့ 2MP Depth ကင်မရာ ၃ လုံး ပါပါတယ်။ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Pro Version မှာ အနောက်ကင်မရာ ၄ လုံး ပါလာပြီး 48MP Main , 8MP Zoom (30x Digital Zoom) , 8MP Wide-angle နဲ့ 5MP Macro ကင်မရာတွေ ဖြစ်ပါတယ်။ 20MP ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Android 10 အခြေပြု MIUI 12 မောင်းနှင်ထားပြီး 4,520mAh ဘက်ထရီ ပါပါတယ်။ ရိုးရိုးမော်ဒယ်မှာ 22.5W Fast Charging နဲ့ Pro မှာ 33W Fast Charging ထည့်ထားပါတယ်။

Redmi 10X Series  ဈေးနဲ့ ရောင်းမယ့် အချိန်

Redmi 10X

6GB + 64GB: 1,599 yuan (~$224) (၃ သိန်း ၁ သောင်း ဝန်းကျင်)

6GB + 128GB: 1,799 yuan (~$252) ( ၃ သိန်း ၅ သောင်း ဝန်းကျင်)

8GB + 128GB: 2,099 yuan (~$294) ( ၄ သိန်း ၁ သောင်း ဝန်းကျင်)

8GB + 256GB: 2,399 yuan (~$336) ( ၄ သိန်း ၇ သောင်း ဝန်းကျင်)

Colors: Blue, Violet, Gold

Redmi 10X Pro

8GB + 128GB: 2,399 yuan (~$336) ( ၄ သိန်း ၇ သောင်း ဝန်းကျင်)

8GB + 256GB: 2,599 yuan (~$364) ( ၅ သိန်း ၁ သောင်း ဝန်းကျင်)

Colors: Blue, Violet, Gold

Availability

Redmi 10X: Sale from 1st June (ဇွန်လ ၁ ရက်)

Redmi 10X Pro: Sale from 5th June (ဇွန်လ ၅ ရက်)

Ref : gizmochina