Xiaomi က ပြီးခဲ့တဲ့လမှာ Helio G91 ပါတဲ့ Redmi 13 4G  ကို ကြေညာခဲ့ပြီး အခုတော့ Snapdragon 4 Gen 2 AE (Accelerated Engine) SoC ပါတဲ့ 5G Version ကို မိတ်ဆက်လိုက်ပါတယ်။

Redmi 13 5G arrives with Snapdragon 4 Gen 2 AE, 108MP camera, and 120Hz screen

Redmi 13 5G မှာ Android 14 အခြေပြု HyperOS မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ 6.79” FullHD+ 120Hz LCD Display တပ်ဆင်ထားပြီး 550 Nits Peak Brightness , Gorilla Glass 3 ထောက်ပံ့ထားပါတယ်။ Punch Hole မှာ 13MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။

Redmi 13 5G arrives with Snapdragon 4 Gen 2 AE, 108MP camera, and 120Hz screen

အနောက်ဘက်မှာ ဖန်မျက်နှာပြင်နဲ့ ဖုံးအုပ်ထားပြီး ကင်မရာ ၂ လုံးနဲ့ Ring Flash ၁ ခု ပါပါတယ်။ Main ကင်မရာက 108MP Samsung ISOCELL HM6 Sensor ဖြစ်ပြီး နောက်ကင်မရာက 2MP Macro ဖြစ်ပါတယ်။

33W Charging ထောက်ပံ့တဲ့ 5,030mAh Battery ပါလာပြီး ကုမ္ပဏီက ၃၀ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။ USB-C Port , 3.5mm Headphone Jack , IR Blaster , IP53 Rating နဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။

Hawaiian Blue, Orchid Pink နဲ့ Black Diamond အရောင်တွေ ထုတ်လုပ်ထားပြီး ဒီလ ၁၂ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။ 6/128GB, 8/128GB ထုတ်လုပ်ထားပြီး  ၁၇၀ နဲ့ ၁၈၅ ဒေါ်လာ အသီးသီး ကျသင့်မှာပါ။

Ref : gsmarena