Xiaomi က Redmi 13 ကို တရားဝင် ကြေညာလိုက်ပြီး Redmi Number Series ထဲမှာ 108MP Main ကင်မရာ ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ အဲဒီ ကင်မရာဟာ Samsung ISOCELL HM6 ဖြစ်ပြီး 1/1.67” Sensor ပါပါတယ်။ 9-in-1 Pixel Binning နဲ့ 3x In-sensor Zoom ထောက်ပံ့ထားပါတယ်။

Redmi 13 officially unveiled as the first phone in the family with a 108MP  camera - GSMArena.com news

Redmi 13 မှာ 6.79” LCD FHD+ Display တပ်ဆင်ထားပြီး 90Hz Refresh Rate နဲ့ 550 Nits Peak Brightness ပါပါတယ်။ Display ကို Gorilla Glass နဲ့ ကာကွယ်ထားပြီး 33W Charging ထောက်ပံ့တဲ့  5,030mAh Battery ပါလာပါတယ်။

Redmi 13 officially unveiled as the first phone in the family with a 108MP  camera - GSMArena.com news

Helio G91 Chip မောင်းနှင်ထားပြီး 6/128GB, 8/128GB နဲ့ 8/256GB ထုတ်လုပ်ထားပါတယ်။ အခြေခံမော်ဒယ်ကို ၁၈၀ ဒေါ်လာ သတ်မှတ်ထားပြီး Midnight Black, Sandy Gold, Pearl Pink နဲ့ Ocean Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

1TB microSD Card စိုက်နိုင်ပြီး 16GB အထိ တိုးနိုင်တဲ့  Virtual RAM ပါပါတယ်။ ဖုန်းရဲ့ ထိပ်မှာ နားကြပ်ပေါက် တပ်ဆင်ထားပါတယ်။ Redmi 13 ဟာ Redmi 12 ထက် ပိုထူပြီး ပိုလေးကာ အထူက ၈.၃ မီလီမီတာနဲ့ အလေးချိန်က ၂၀၅ ဂရမ် ရှိပါတယ်။ IP53 aရစိုခံစံနှုန်း ပါပါတယ်။

Ref : gsmarena