Xiaomi ဟာ လက်ရှိအချိန်မှာ Monitor စျေးကွက်ကို Redmi Series နာမည်နဲ့ အမျိုးအစားအများအပြား မိတ်ဆက်နေတာဖြစ်ပါတယ်။ အခုလည်း Gaming စျေးကွက်အတွက် 23.8-inch Gaming Monitor အသစ်ကို မိတ်ဆက်လိုက်ပြီး ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။

အဆိုပါ Redmi 23.8-inch Gaming Monitor ဟာဆိုရင် စျေးနှုန်းအနေနဲ့ ၁,၅၉၉ ယွမ်နဲ့ရောင်းချသွားမှာဖြစ်ပြီး မြန်မာငွေအနေနဲ့ ငွေကျပ် ၄၅၀,၀၀၀ ကျော် ကျသင့်မှာဖြစ်ပါတယ်။ ဒါကြောင့် Gaming Monitor တစ်လုံးအနေနဲ့ စျေးနှုန်းအရ တော်တော်လေး သက်သာနေတယ်လို့တောင် ပြောနိုင်ပါတယ်။

Redmi 23.8-inch Gaming Monitor ဟာ Full HD Resolution ရှိမှာဖြစ်ပြီး Fast IPS နည်းပညာကို အသုံးပြုထားတာကြောင့် 240Hz Refresh Rate အထိ ထောက်ပံပေးနိုင်မှာဖြစ်ပါတယ်။ AMD FreeSync Premium နည်းပညာပါဝင်တဲ့အပြင် 100% sRGB Color Gamut ၊ DC Dimming ၊ Blue Light Protection တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

တခြားသော Feature တွေအနေနဲ့ဆိုရင် ဘေးဘောင် ၃ ဖက်က Narrow-frame Bezel Design ဖြစ်ပြီး IO Panel အတွက် Magnetic Back Cover ၊ Vertical အနေနဲ့အသုံးပြုနိုင်တဲ့ Rotating Stand တွေပါဝင်မှာဖြစ်ပါတယ်။ HDMI 2.1 ၂ ပေါက်၊ DisplayPort 1.2 နဲ့ 3.5mm Headphone Jack တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

Ref – Gizmo China