Xiaomi ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက စတင်ပြီးအခုအချိန်အထိ ထွက်ရှိထားတဲ့စမတ်ဖုန်းတွေအတွက် MIUI 12 Update ကို ဆက်တိုက်ထုတ်ပေးနေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Budget စမတ်ဖုန်းတွေအတွက်ပါ Android 10 Update ကို ထုတ်ပေးခဲ့ပါသေးတယ်။

အခုလည်း Xiaomi ကနေ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Budget ဖုန်းတစ်လုံးဖြစ်တဲ့ Redmi 8A စမတ်ဖုန်းဟာ တကမ္ဘာလုံးမှာ Android 10 Update ကို ရရှိနေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့လတုန်းက တရုတ်နိုင်ငံအတွက် Redmi 8A စမတ်ဖုန်းကို Android 10 Update ထုတ်ပေးခဲ့ပြီးတော့ အခုအချိန်မှာ ကျန်တဲ့ Global စျေးကွက်မှာရောင်းချနေတဲ့ Model တွေအတွက်ပါ Android 10 Update ကို ထုတ်ပေးလိုက်တာဖြစ်ပါတယ်။

ယခု Redmi 8A အတွက် Android 10 Update ဟာ Global ၊ India ၊ Europe နဲ့ Russia Region တွေအကုန်လုံးအတွက် ထွက်ရှိလာတာဖြစ်ပေမယ့် Indonesia Region တွေအတွက်တော့ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ကျန်တဲ့ Region တွေအတွက် MIUI Build Number ကိုတော့ အောက်မှာကြည့်ရှုနိုင်မှာပါ။

အဆိုပါ Global Android 10 Update နဲ့အတူ August 2020 Security Patch ပါ ပါဝင်လာမှာဖြစ်ပါတယ်။ Redmi 8A စမတ်ဖုန်းဟာ MIUI 12 Update ရရှိမယ့်ဖုန်းတွေထဲမှာ ပါဝင်တယ်ဆိုပေမယ့် လက်ရှိ Update ကတော့ Android 10 Update ပဲရရှိသေးတာဖြစ်ပြီး MIUI 11 ပဲဖြစ်နေဦးမယ်လို့ သိရပါတယ်။

Xiaomi ကတော့ Redmi 8A ဟာ MIUI 12 အပြင်နောက်ထပ် MIUI Update တွေရရှိလာဦးမလားဆိုတာကိုတော့ တရားဝင်မသိရှိရသေးပေမယ့် Android 11 Update ကို ရရှိမှာမဟုတ်ဘူးဆိုတာကိုတော့ အတည်ပြုခဲ့ပါတယ်။

Ref – Gizmo China