Redmi က အိန္ဒိယမှာ Redmi 9 Prime ကို ကြေညာလိုက်ပြီး ဇွန်လက စပိန်မှာ ကြေညာခဲ့တဲ့ Redmi 9 ကို နာမည်ပြောင်းရောင်းချတာပါ။ Redmi 9 Prime မှာ Helio G80 SoC နဲ့ 4GB RAM ထည့်သွင်းထားပြီး Android 10 မောင်းနှင်ထားပါတယ်။ 64GB or 128GB Storage ရွေးချယ်နိုင်ပြီး 512GB microSD Card စိုက်နိုင်ပါတယ်။

Redmi 9 Prime မှာ ၆.၅၃ လက်မ FullHD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 8MP ကင်မရာနဲ့ အနောက်ဘက်မှာ 13MP Main, 8MP Ultrawide, 5MP Macro နဲ့ 2MP Depth ကင်မရာတွေ ထည့်သွင်းထားပါတယ်။

18W Charging နဲ့ USB-C Port ထောက်ပံ့တဲ့ 5020mAh ဘက်ထရီ ပါလာပေမယ့် ဘူးထဲမှာ 10W Charger ပဲ ထည့်ထားပါတယ်။ နားကြပ်ပေါက်၊ Dual SIM Support နဲ့ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါလာပြီး Matte Black, Mint Green, Space Blue နဲ့ Sunrise Flare အရောင်တွေ ထုတ်လုပ်ထားပါတယ်။

4GB/64GB မော်ဒယ်ကို ၉၉၉၉ ရူပီးနဲ့ 4GB/128GB မော်ဒယ်ကို ၁၁၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၈ သောင်းနဲ့ ၂ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ ဒီလ ၆ ရက်နေ့မှာ Amazon.in ကနေ စတင် ရောင်းချပေးမှာ ဖြစ်ပြီး ၁၇ ရက်နေ့မှာ Mi Home စတိုးတွေကနေ ဝယ်ယူနိုင်မှာပါ။

Ref : gsmarena