Xiaomi ရဲ့ ကုမ္ပဏီခွဲ Redmi က ၄ ရက်နေ့မှာ Redmi 9 Prime ကို ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ အဲဒီဖုန်းမှာ FullHD+ မျက်နှာပြင်ပါလာမယ်လို့ အတည်ပြုလိုက်ပါတယ်။ Xiaomi India MD Manu Jain က ဒီသတင်းကို တွစ်တာမှာ အသိပေးလိုက်တာ ဖြစ်ပါတယ်။

Redmi က 9 Prime ရဲ့ Specs အပြည့်အစုံကို မပြောသေးပေမယ့် အဲဒီ ဖုန်းဟာ စပိန်မှာ ပထမဆုံးကြေညာခဲ့တဲ့ Redmi 9 Global Version ကို ဆန်းသစ်ထားတာ ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ Helio G80 SoC နဲ့ ၆.၅၃ လက်မ မျက်နှာပြင် အရွယ်အစား ပါလာမယ်လို့ သိရပါတယ်။

Redmi 9 Prime မှာ စုစုပေါင်း ကင်မရာ ၅ လုံး ပါလာမှာ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 13MP Main , 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားနိုင်ပါတယ်။ အနောက်ဘက်မှာ လုံခြုံရေးအတွက် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားနိုင်ပါတယ်။

Redmi 9 Prime မှာ USB-C Port နဲ့ 18W Charging ထောက်ပံ့တဲ့ 5,020mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ ဘူးထဲမှာ 10W Charger ပဲ ထည့်ထားမလား၊ 18W Charger ထည့်ထားမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena