Redmi က နိုင်ငံတကာအတွက် Redmi A3x ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းဟာ ဒီဇိုင်း အပိုင်းမှာ Redmi A3 နဲ့ တူပါတယ်။ ဒါပေမယ့် MediaTek Helio G36 Processor အစား Unisoc T603 ကို အသုံးပြုထားပါတယ်။

Redmi A3x

Redmi A3x ရဲ့ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး စက်ဝိုင်းပုံ ကင်မရာ Island ပါပါတယ်။ Black နဲ့ Green မော်ဒယ်တွေမှာ ကင်မရာ Island ကို ရွှေရောင်ကွင်းနဲ့ ကွပ်ထားပြီး White မော်ဒယ်မှာ ငွေရောင်ကွင်းနဲ့ ကွပ်ထားပါတယ်။

Redmi A3x

6.71” IPS LCD HD+ Display တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်လုံး ထိခိုက်တာကို လျှော့ချပေးတဲ့ DC Dimming နည်းပညာ ထည့်သွင်းထားပါတယ်။ အရှေ့နဲ့ အနောက်ကို Corning Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ Unisoc T603 Processor မောင်းနှင်ထားပြီး 3GB RAM နဲ့ 64GB Storage ပါပါတယ်။ 1TB microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ 8MP Dual AI ကင်မရာနဲ့ Auxiliary Lens တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 5MP ဖြစ်ပါတယ်။ Android 14 အခြေပြု Operating System မောင်းနှင်ထားပြီး 15W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။

Redmi A3x 3/64GB Version ကို ၆၈ ဒေါ်လာ သတ်မှတ်ထားတဲ့အတွက် ဈေးနှုန်း အလွန်ချိုသာပါတယ်။ အိန္ဒိယမှာ မကြာခင် ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gizmochina