အိန္ဒိယမှာ Snapdragon 4s Gen 2 ပါတဲ့ ပထမဆုံးဖုန်းကို ကြေညာလိုက်ပါတယ်။ Redmi A4 5G လို့ အမည်ပေးထားပြီး ဒေါ်လာ ၁၂၀ အောက်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ တန်ဖိုးအနည်းဆုံး 5G စမတ်ဖုန်း  ဖြစ်လာပါတယ်။

Redmi A4 5G with Snapdragon 4s Gen 2 announced in India

Redmi A4 5G ရဲ့ ဒီဇိုင်းဟာ Redmi 14R , Redmi 14C နဲ့ တူညီပြီး 50MP Main ကင်မရာ ပါတဲ့ ကြီးမားတဲ့ စက်ဝိုင်းပုံ ကင်မရာ Island ထည့်သွင်းထားပါတယ်။

Xiaomi India ရဲ့ ဥက္ကဌ Muralikrishnan B က “ အိန္ဒိယမှာ စမတ်ဖုန်း ရောင်းချနေတာ ၁၀ နှစ်ပြည့်သွားပြီ ဖြစ်ပြီး Redmi A4 5G ဟာ အိန္ဒိယ နိုင်ငံသားတိုင်းကို အဆင့်မြင့် နည်းပညာ ပေးချင်တဲ့ ကုမ္ပဏီရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

IMC 2024: Xiaomi's Redmi A4 with Snapdragon 4s Gen 2 chip will be its first 5G phone under Rs 10,000 - India Today

အိန္ဒိယ နိုင်ငံအတွက် အထူး ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး ဒီဖုန်းဟာ အိန္ဒိယရဲ့ 5G အသွင်ကူးပြောင်းမှုကို အထောက်အကူ ဖြစ်စေပါတယ်။ စွမ်းရည်နိမ့် တန်ဖိုးနည်းဖုန်းမှာ 5G ဆက်သွယ်မှုကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ” လို့ ပြောပါတယ်။

Xiaomi က Redmi A4 5G ရဲ့ Specs အပြည့်အစုံကို မပြောသေးပေမယ့် 6.7” LCD HD+ Display နဲ့ 90Hz Refresh Rate ပါလာနိုင်ပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး 18W Charging ပါတဲ့ 5,000mAh Battery ပါလာနိုင်ပါတယ်။

Ref : gsmarena