Redmi Buds 4 နဲ့ Buds 4 Pro ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ နားထဲဝတ်ဆင်ရတဲ့ ဒီဇိုင်း ဖြစ်ပြီး Pro မှာ Stem ပါလာပါတယ်။ နားကြပ်ကို ထိတွေ့ခြင်းဖြင့် အမျိုးမျိုးသော လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်ပါတယ်။ TWS နားကြပ်တွေ ဖြစ်ပြီး IP54 စံနှုန်း ထောက်ပံ့ထားပါတယ်။

Xiaomi unveils Mi Band 7, Redmi Buds 4 and Redmi Buds 4 Pro

Redmi Buds 4 နဲ့ 4 Pro မှာ 10mm Dynamic Driver ပါလာပြီး AI ဉာဏ်ရည်မြင့် ချိန်ညှိမှု ပါတဲ့ 35dB Noise Cancellation ထောက်ပံ့ထားပါတယ်။ Pro Version မှာ HiFi အသံ အရည်အသွေး ထည့်သွင်းထားပြီး Virtual Stereo အသံ ပါပါတယ်။ Noise Cancellation ကို 43dB အထိ ထောက်ပံ့ပေးနိုင်ပြီး လေတိုက်ခတ်တဲ့ အသံကို ကာကွယ်ပေးနိုင်ပါတယ်။ နားကြပ် ၂ ခု စလုံးမှာ Dual Transparency Mode ပါပါတယ်။ Pro Version မှာ 59ms Low Latency Mode ပါပါတယ်။ နားကြပ် ၂ ခုစလုံးမှာ Bluetooth 5.2 ဆက်သွယ်မှု ထောက်ပံ့ထားပါတယ်။

Xiaomi unveils Mi Band 7, Redmi Buds 4 and Redmi Buds 4 Pro

Redmi Buds 4 နဲ့ Buds 4 Pro မှာ ၃၀ နဲ့ ၃၆ နာရီ ဘက်ထရီ သက်တမ်း အသီးသီး ရှိပြီး Charging Case ကနေ ထုတ်လိုက်တာနဲ့ Device တွေနဲ့ အလိုလို ချိတ်ဆက်နိုင်ပါတယ်။

Redmi Buds 4 ကို ၁၉၉ ယွမ်နဲ့ Buds 4 Pro ကို ၃၆၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅၅,၀၀၀ နဲ့ ၁၀၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာပါ။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မေလ ၃၀ ရက်နေ့ ရောင်းမှာပါ။ ရိုးရိုး မော်ဒယ်အတွက် White နဲ့ Light Blue အရောင်၊ Pro မော်ဒယ်အတွက် Polar Night နဲ့ Mirror Lake White အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina