Xiaomi က တရုတ်မှာ တန်ဖိုးနည်း Redmi Buds 5 TWS နားကြပ်ကို ကြေညာလိုက်ပြီး စွမ်းရည်မြင့် လုပ်ဆောင်ချက်တွေ ပါပါတယ်။

Redmi Buds 5 debut with noise cancellation and long battery life

ထူးခြားတဲ့ လုပ်ဆောင်ချက်က 46 dB Noise Cancellation ဖြစ်ပြီး User က ချိန်ညှိနိုင်ပါတယ်။ Noise Cancellation Modes ၃ ခုအကြားမှာ ပြောင်းလဲနိုင်ပြီး ပတ်ဝန်းကျင်က အသံတွေကို နားထောင်ဖို့အတွက် Transparency Mode ၃ ခု ထည့်ထားပါတယ်။

Redmi Buds 5 debut with noise cancellation and long battery life

Noise Cancellation က ဖုန်းပြောရင်လည်း အလုပ်လုပ်ပြီး Xiaomi က Noise Cancellation မိုက်ကရိုဖုန်း ၂ လုံးအတွက် AI Algorithm ထည့်ထားတယ်လို့ ပြောပါတယ်။

Redmi Buds 5 debut with noise cancellation and long battery life

အသံ အရည်အသွေးကလည်း တိုးတက်လာပြီး 12.4mm Driver တွေ ထည့်သွင်းထားပါတယ်။ ဘက်ထရီ သက်တမ်းက တိုးတက်လာပြီး Charging Case နဲ့ ပေါင်းလိုက်ရင် နာရီ ၄၀ သီချင်းနားထောင်နိုင်ပါတယ်။ Fast Charging ထောက်ပံ့ထားပြီး ၅ မိနစ်အားသွင်းရင် ၂ နာရီ သီချင်းနားထောင်နိုင်ပါတယ်။

Redmi Buds 5 အတွက် အထူးထုတ် မော်ဒယ်ကို အဝတ်အထည် ကုမ္ပဏီ AAPE နဲ့ ပူးပေါင်းထုတ်လုပ်ထားပါတယ်။ ရိုးရိုး မော်ဒယ်ကို ၁၉၉ ယွမ် (၂၇ ဒေါ်လာ)နဲ့ AAPE မော်ဒယ်ကို ၂၉၉ ယွမ် (၄၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : gsmarena