Xiaomi က အိန္ဒိယမှာ ချစ်သူများနေ့ ဈေးရောင်းပွဲတော် အမှီ Redmi Buds 5 ကြိုးမဲ့ နားကြပ်ကို ကြေညာလိုက်ပါတယ်။ Redmi Buds 5 ရဲ့ ဒီဇိုင်းဟာ Apple နဲ့ Samsung ကို အတုခိုးထားပြီး နားကြပ်ထိပ်ဖူးက AirPods Pro နဲ့ တူကာ Case က Galaxy Buds နဲ့ တူပါတယ်။

Redmi Buds 5 With Up to 46dB ANC, Up to 38 Hours of Battery Life Launched in India | Technology News

နားကြပ်မှာ တိုက်တေနီယမ် Diaphragm ပါတဲ့ 12.4mm Dynamic Drivers ထည့်သွင်းထားပါတယ်။ နားကြပ်ဟာ Bluetooth 5.3 ကနေ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ Google Fast Pair က Android နဲ့ ChromeOS Device တွေနဲ့ လျှင်မြန်စွာ ချိတ်ဆက်နိုင်ပါတယ်။ Device ၂ ခုနဲ့ တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။

TWS နားကြပ် အများစုလိုပဲ ANC (Active Noise Cancellation) ထောက်ပံ့ထားပြီး ပတ်ဝန်းကျင်က မလိုလားအပ်တဲ့အသံတွေကို 46dB အထိ လျှော့ချပေးနိုင်ပါတယ်။ နားကြပ်မှာ Noise Cancellation Level ၃ ခု ထောက်ပံ့ထားပါတယ်။ ပတ်ဝန်းကျင်က အသံတွေကို ကြားနိုင်တဲ့ Ambient Mode နဲ့ အသံကြည်လင်ပြတ်သားစေတဲ့ Voice Mode လည်း ပါပါတယ်။

Redmi Buds 5 With ANC, 38-Hour Battery Life, And IP54 Rating Launched In India - Smartprix Bytes

IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး ဖုန်းပြောဖို့အတွက် AI အခြေပြု Noise Cancellation ထည့်သွင်းထားပါတယ်။ နားကြပ်မှာ Customization အတွက် Xiaomi Earbuds App နဲ့တွဲဖက် သုံးနိုင်ပါတယ်။ ANC ပိတ်ထားရင် ဘက်ထရီ သက်တမ်းက ၁၀ နာရီနဲ့ Charging Case နဲ့ပေါင်းရင် ၃၈ နာရီအထိ အသုံးခံပါတယ်။

Redmi Buds 5 ကို အိန္ဒိယမှာ ၂,၉၉၉ ရူပီး (၃၅ ဒေါ်လာ) သတ်မှတ်ထားပြီး Black, White နဲ့ Purple အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina