Xiaomi ကနေ Mi Laptop တွေအပြင် ပုံမှန် Consumer တွေအတွက် RedmiBook Laptop တွေကိုပါ မိတ်ဆက်ရောင်းချနေပြီဖြစ်ပါတယ်။ ဒီလိုမျိုး Laptop တွေကို ထုတ်လုပ်နေပေမယ့် Redmi ကနေ အခုအချိန်အထိ Gaming Laptop တွေကိုတော့ မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။

ဒါပေမယ့်လည်း အခုတော့ Redmi ကနေ Redmi G နာမည်နဲ့ Gaming Laptop တွေကို တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Redmi G Gaming Laptop တွေဟာ Design ပိုင်းအနေနဲ့ကတော့ ယခင်ထွက်ရှိပြီးထားတဲ့ Mi Gaming Laptop တွေကနေ ကွဲပြားနေမှာဖြစ်သလို အမျိုးအစား ၃ မျိုး မိတ်ဆက်လိုက်တာလည်းဖြစ်ပါတယ်။

Redmi G Gaming Laptop တွေဟာ Display အနေနဲ့ကတော့ 16.1″ Full HD Display ပါဝင်မှာဖြစ်ပြီး 300 Nits Brightness ၊ 178-degree Viewing Angle နဲ့ 81% Screen-to-Body Ratio တွေပါဝင်မယ်လို့ သိရပါတယ်။

Specification အနေနဲ့ကတော့ Base Model အနေနဲ့ 10th Gen Intel Core-i5-10200H CPU ၊ Nvidia Geforce GTX 1650 ပါဝင်မှာဖြစ်ပြီး Middle Model အနေနဲ့ကတော့ 10th Gen Intel Core i5-10300H CPU ၊ Nvidia Geforce GTX 1650Ti ပါဝင်မှာဖြစ်ပါတယ်။ Top Model အနေနဲ့ကတော့ 10th Gen Intel Core i7-10750H CPU ၊ Nvidia Geforce GTX 1650Ti ပါဝင်မယ်လို့ သိရပါတယ်။ Middle Model နဲ့ Top Model ၂ မျိုးမှာတော့ Display အနေနဲ့ 144Hz အထိ Support ပေးမှာဖြစ်ပေမယ့် Base Model မှာတော့ 60Hz ပဲ Support ရရှိမှာဖြစ်ပါတယ်။

အဆိုပါ Redmi G Gaming Laptop တွေအကုန်လုံးမှာ RAM 16GB 2933MHz DDR4 RAM ၊ 512GB PCI-E NVMe SSD နဲ့ 55Whr Battery တွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ 2 x 2W Speakers ၊ Full Backlit Keyboard ၊ 720p Webcam နဲ့ Hurricane Cooling 2.0 Copper Cooling System ၊ Wi-Fi 6 တွေကိုလည်း ထည့်သွင်းထားပါသေးတယ်။

စျေးနှုန်းအနေနဲ့ကတော့ Base Model ကို 5,299 Yuan (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) ၊ Middle Model ကိုတော့ 6,299 Yuan (မြန်မာငွေ ၁၂ သိန်းဝန်းကျင်) နဲ့ Top Model ကိုတော့ 6,999 Yuan (မြန်မာငွေ ၁၃ သိန်း ၇ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Gizmo China