[Unicode]

တရုတ်မှာ Redmi K30 Series တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့ပါတယ်။ တရုတ်မှာ ပြီးခဲ့တဲ့လက 4G မော်ဒယ်တွေကို ရောင်းပေးခဲ့ပြီး 5G မော်ဒယ်ကို ဒီလ ၇ ရက်ကမှ စရောင်းပေးခဲ့ပါတယ်။ 8/128GB မော်ဒယ်ကိုပဲ ဝယ်ယူနိုင်ခဲ့တာ ဖြစ်ပြီး အခုတော့ 6GB RAM မော်ဒယ်ကို ၁၄ ရက်နေ့မှာ ရောင်းပေးတော့မှာပါ။ 6/64GB ကို ၁,၉၉၉ ယွမ်နဲ့ 6/128GB မော်ဒယ်ကို ၂,၂၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၄၂၀,၀၀၀ နဲ့ ၄၈၀,၀၀၀ လောက် အသီးသီးကျသင့်မှာပါ။

Redmi K30 5G ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ ၆.၆၇ လက်မ Full HD+ Punch-hole မျက်နှာပြင် တပ်ဆင်ထားပြီး အရှေ့နဲ့ အနောက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ 120Hz Refresh Rate ပါတဲ့ ပထမဆုံး Redmi ဖုန်း ဖြစ်ပါတယ်။ 7nm Snapdragon 765G SoC မောင်းနှင်ထားပြီး microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ 64MP Main , 8MP Ultra-wide , 5MP Macro နဲ့ 2MP Depth ကင်မရာတွေကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 20MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး AI လုပ်ဆောင်ချက်တွေ ပါတာက မိုက်ပါတယ်။

Android 10 OS အခြေပြု နောက်ဆုံးထုတ် MIUI 11 ပါတဲ့ Redmi ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ Mi Turbo 2.0 က ဖုန်းရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေပြီး Game Turbo 2.0 က ဂိမ်းကစားရင် ဖလန်းဖလန်းထစေမှာပါ။ 30W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီက အားသွင်းရင် အရမ်းမြန်စေပါတယ်။

Ref : gizmochina

[Zawgyi]

Redmi K30 5G ရဲ႕ 6GB RAM ေမာ္ဒယ္ကို တ႐ုတ္မွာ ေရာင္းၿပီ

တ႐ုတ္မွာ Redmi K30 Series ေတြကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ေၾကညာခဲ့ပါတယ္။ တ႐ုတ္မွာ ၿပီးခဲ့တဲ့လက 4G ေမာ္ဒယ္ေတြကို ေရာင္းေပးခဲ့ၿပီး 5G ေမာ္ဒယ္ကို ဒီလ ၇ ရက္ကမွ စေရာင္းေပးခဲ့ပါတယ္။ 8/128GB ေမာ္ဒယ္ကိုပဲ ဝယ္ယူႏိုင္ခဲ့တာ ျဖစ္ၿပီး အခုေတာ့ 6GB RAM ေမာ္ဒယ္ကို ၁၄ ရက္ေန႔မွာ ေရာင္းေပးေတာ့မွာပါ။ 6/64GB ကို ၁,၉၉၉ ယြမ္နဲ႔ 6/128GB ေမာ္ဒယ္ကို ၂,၂၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၄၂၀,၀၀၀ နဲ႔ ၄၈၀,၀၀၀ ေလာက္ အသီးသီးက်သင့္မွာပါ။

Redmi K30 5G ရဲ႕ Specs ေတြကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ ၆.၆၇ လက္မ Full HD+ Punch-hole မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး အေရွ႕နဲ႔ အေနာက္ကို Gorilla Glass 5 နဲ႔ ကာကြယ္ထားပါတယ္။ 120Hz Refresh Rate ပါတဲ့ ပထမဆုံး Redmi ဖုန္း ျဖစ္ပါတယ္။ 7nm Snapdragon 765G SoC ေမာင္းႏွင္ထားၿပီး microSD Card စိုက္ႏိုင္ပါတယ္။

အေနာက္ဘက္မွာ 64MP Main , 8MP Ultra-wide , 5MP Macro နဲ႔ 2MP Depth ကင္မရာေတြကို ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။ အေရွ႕ဘက္မွာ 20MP Main နဲ႔ 2MP Depth ကင္မရာ ၂ လုံး တပ္ဆင္ထားၿပီး AI လုပ္ေဆာင္ခ်က္ေတြ ပါတာက မိုက္ပါတယ္။

Android 10 OS အေျချပဳ ေနာက္ဆုံးထုတ္ MIUI 11 ပါတဲ့ Redmi ရဲ႕ ပထမဆုံး ဖုန္း ျဖစ္ပါတယ္။ Mi Turbo 2.0 က ဖုန္းရဲ႕ စြမ္းေဆာင္ရည္ကို တိုးတက္ေစၿပီး Game Turbo 2.0 က ဂိမ္းကစားရင္ ဖလန္းဖလန္းထေစမွာပါ။ 30W Fast Charging ပါတဲ့ 4,500mAh ဘက္ထရီက အားသြင္းရင္ အရမ္းျမန္ေစပါတယ္။

Ref : gizmochina