[Unicode]
Redmi K30 4G ကို တရုတ်မှာ ရောင်းပေးထားပြီးပါပြီ။ အခုတော့ 5G မော်ဒယ်ကို ပထမဆုံး အသုတ် အနေနဲ့ စတင် ရောင်းပေးခဲ့ပြီး ၂ နာရီအတွင်းမှာ ပစ္စည်း ပြတ်သွားပါတယ်။ လက်ရှိမှာ 8/128GB မော်ဒယ်ကိုပဲ ရောင်းပေးထားပြီး ၂,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅၂၀,၀၀၀ လောက်ရှိပါတယ်။ အပြာရောင် ၁ မျိုးပဲ ရွေးချယ်နိုင်ပြီး ၁၀ ရက်နေ့မှာ နောက်တစ်သုတ် ရောင်းပေးမှာပါ။
6/64GB ကို ၁,၉၉၉ ယွမ်နဲ့ 8/256GB ကို ၂,၈၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၄၂၀,၀၀၀ နဲ့ ၆၁၀,၀၀၀ လောက် အသီးသီးကျသင့်မှာပါ။ 6/128GB ကို ၂,၂၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၄၈၀,၀၀၀ လောက်ကျသင့်မှာပါ။ အဲဒီ မော်ဒယ်တွေ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။
Redmi K30 5G မှာ ၆.၆၇ လက်မ LCD မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate ပါတဲ့အတွက် ဂိမ်း ကစားရင် ၊ ဖုန်း သုံးရင် အရမ်းကို မြန်ဆန်စေပါတယ်။ 20:9 Aspect Ratio ပါလာပြီး မျက်နှာပြင် အရည်အသွေးက Full HD+ ဖြစ်ပါတယ်။ Qualcomm Snapdragon 765G Chipset မောင်းနှင်ထားတဲ့ ပထမဆုံး ဖုန်းဖြစ်ပြီး microSD Card စိုက်နိုင်ပါတယ်။
Android 10 အခြေပြု MIUI 11 မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး 64MP IMX686 Main Sensor ,8MP Ultrawide , 2MP Depth နဲ့ 5MP Macro Sensor တွေဖြစ်ပါတယ်။ အရှေ့ ကင်မရာတွေ ဖြစ်တဲ့ 20MP နဲ့ 2MP Depth တွေကို Punch-hole မှာ တပ်ဆင်ထားပါတယ်။ 30W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။
Ref : gizmochina
[Zawgyi]
ပထမဆုံးအသုတ်မှာ ၂ နာရီအတွင်း ပစ္စည်းပြတ်သွားတဲ့ Redmi K30 5G
Ref : gizmochina