Redmi K30 Pro Series ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပြီး Redmi K30 Pro Zoom မှာ Telephoto ကင်မရာ ၁ လုံးပါလာပါတယ်။ ရိုးရိုး မော်ဒယ်မှာ Telephoto အစား Macro ကင်မရာ ထည့်ထားပါတယ်။ မော်ဒယ် ၂ ခုစလုံးကို မတ်လ ၂၄ ရက်မှာ ကြိုတင်မှာယူခွင့်ပေးခဲ့ပြီး အခုတော့ ပထမဆုံး Flash Sale ကို ပြုလုပ်ပေးလိုက်ပါပြီ။

Redmi က ၃၀ စက္ကန့်အတွင်းမှာ ရောင်းကုန်သွားတယ်လို့ ဝီဘိုကနေ ကြေညာလိုက်ပြီး Xiaomi ဟာ အဲဒီအချိန်လေးအတွင်းမှာ ယွမ် သန်း ၁၀၀ ( ဒေါ်လာ ၁၄ သန်း) ရခဲ့ပါတယ်။ ရောင်းအားက တော်တော်လန်းတယ်လို့ ပြောရမှာပါ။ ဖုန်းတွေရဲ့ ဈေးနဲ့တွက်ကြည့်ရင် အလုံးရေ ၂၅,၀၀၀ ကနေ ၃၃,၅၀၀ အတွင်း ရောင်းချရတယ်လို့ ထင်ပါတယ်။

K30 Pro ရဲ့  6/128GB ကို ၂,၉၉၉ ယွမ်၊ 8/128GB ကို ၃,၃၉၉ ယွမ်နဲ့ 8/256GB ကို ၃,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၉ သောင်း၊ ၆ သိန်း ၇ သောင်းနဲ့ ၇ သိန်း ၃ သောင်း အသီးသီး ရှိပါတယ်။  Zoom Edition ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃,၇၉၉ ယွမ်နဲ့ 8/256GB ကို ၃,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၅ သောင်းနဲ့ ၇ သိန်း ၉ သောင်းလောက်ရှိပါတယ်။

12/512GB မော်ဒယ်ကိုတော့ မရောင်းပေးသေးပေမယ့် JD.com မှာ ၄,၄၉၉ ယွမ်နဲ့စာရင်းတင်ထားပါတယ်။ မြန်မာငွေ ၈ သိန်း ၈ သောင်းလောက် ရှိပြီး လက်ရှိမှာ Redmi K30 Pro Series ကို တရုတ်မှာပဲ ရောင်းပေးထားပါတယ်။ အိန္ဒိယမှာ အဲဒီဖုန်းတွေကို Poco Brand ကနေ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena