Xiaomi က အရင်နှစ် ဒီဇင်ဘာလမှာ အနောက်ကင်မရာ ၄ လုံးနဲ့ Dual-punch Hole ပါတဲ့ Redmi K30 နဲ့ Redmi K30 5G ကို ကြေညာခဲ့ပါတယ်။ Xiaomi က Redmi K30 Pro ကို ဖန်တီးနေတဲ့ သတင်းတွေ ထွက်နေပါတယ်။ အခုတော့ မတ်လမှာ ကြေညာမယ်လို့ ကုမ္ပဏီက ဝီဘိုကနေ အတည်ပြုလိုက်ပြီး 5G ဆက်သွယ်မှုပါလာမှာ ဖြစ်ပါတယ်။

Xiaomi မျှဝေထားတဲ့ Teaser အရ မျက်နှာပြင်မှာ Dual-punch Hole ကို မတွေ့ရတဲ့အတွက် Pop-up ဆဲလ်ဖီး ကင်မရာ ပါလာနိုင်ပါတယ်။ အဲဒီ ဒီဇိုင်းက Redmi K20 Pro နဲ့ တူသွားမှာပါ။ Redmi K30 Pro ရဲ့ Specs တွေကို ကုမ္ပဏီက မပြောသေးပေမယ့် Qualcomm Snapdragon X55 5G Modem ပါတဲ့ Snapdragon 865 Chipset မောင်းနှင်ထားနိုင်ပါတယ်။

Xiaomi က  နောက်ထုတ်မယ့် Redmi စမတ်ဖုန်းမှာ (Redmi K30 Pro လို့ ထင်ရ) အိန္ဒိယရဲ့ Satellite Navigation System ဖြစ်တဲ့ ISRO  ပိုင်တဲ့ NavIC ပါလာမယ်လို့ အတည်ပြုထားပါတယ်။ Xiaomi India ရဲ့ ဒါရိုက်တာ ဖြစ်သူက ISRO Chairman နဲ့ အစည်းအဝေး ၁ ခုမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတချို့ကို တွစ်တာမှာ မျှဝေထားပါတယ်။

Ref : gsmarena