Xiaomi ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ Redmi ဟာ အခုအချိန်မှာ Redmi K30 ဖုန်းကိုပဲ မိတ်ဆက်ထားပြီးတော့ ပိုကောင်းတဲ့ Redmi K30 Pro ဖုန်းကိုတော့ မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။ လက်ရှိသိရတဲ့သတင်းတွေအရ အဆိုပါ Redmi K30 Pro စမတ်ဖုန်းဟာ လာမယ့် မတ်လမှာ တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အဆိုပါ Redmi K30 Pro ဖုန်းမှာ ပုံမှန် Redmi K30 လိုမျိုး Punch-hole Display အစား Pop-up Selfie Camera တွေကို အသုံးပြုသွားမယ်လို့ ဖော်ပြခဲ့ပြီး အခုလည်းနောက်ထပ်သတင်းတစ်ခုထပ်မံထွက်ပေါ်လာပါပြီ။ ဒီတစ်ကြိမ်မှာတော့ Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ Battery နဲ့ ပတ်သတ်ပြီး ဖော်ပြခဲ့တာဖြစ်ပြီးတော့ Redmi K30 Pro ဖုန်းမှာ 4700mAh Battery အပြင် 33W Fast Charging ကို Support ပြုလုပ်လာမယ်လို့ သိရပါတယ်။ ဒါက ပုံမှန် Redmi K30 ဖုန်းမှာပါဝင်တဲ့ 4500mAh Battery နဲ့ 27W Fast Charging ထက်တော့ ပိုပြီး များပြား မြန်ဆန်လာမှာဖြစ်ပါတယ်။

ဒါပေမယ့် Charger အနေနဲ့ကတော့ Redmi K30 ဖုန်းမှာပါဝင်တဲ့ MDY-11-EF နဲ့ MDY-11-EX Charger တွေကိုပဲ အသုံးပြုလာမှာဖြစ်ပြီး အဆိုပါ Charger တွေဟာ Maximum 33W Fast Charging ကို Support ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

Redmi K30 Pro စမတ်ဖုန်းဟာ Snapdragon 865 Processor ၊ RAM 8GB ၊ 120Hz OLED Display နဲ့အတူ 64MP Sony IMX686 Primary Sensor ပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။

Ref – Gizmo China