Xiaomi က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Redmi K30 Pro နဲ့ Redmi K30 Pro Zoom ကို ကြေညာခဲ့ပြီး Memory အများဆုံး အနေနဲ့ မော်ဒယ် ၂ ခုစလုံးအတွက် 8/256GB ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ Zoom Edition အတွက် ဒီထက် ပိုများတဲ့ မော်ဒယ်ထွက်လာတော့မှာ ဖြစ်ပါတယ်။

Redmi K30 Pro Zoom မှာ 64MP, 8MP Telephoto , 13MP Ultrawide နဲ့ 2MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး Telephoto Lens ဟာ 3x Optical နဲ့ 30x Hybrid Zoom အထိ ထောက်ပံ့သလို OIS လည်း ပါတဲ့အတွက် အရမ်းလန်းတဲ့ ပုံရိပ်တွေ ဖမ်းယူပေးနိုင်ပါတယ်။

မိတ်ဆက်ပွဲမှာ Redmi K30 Pro Zoom အတွက် မော်ဒယ် ၂ မျိုးကို ချပြခဲ့ပါတယ်။ 8/128GB ကို ၃,၇၉၉ ယွမ်နဲ့ 8/256GB ကို ၃,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၅ သောင်းနဲ့ ၇ သိန်း ၉ သောင်းလောက်ရှိပါတယ်။ JD.com မှာ 12/512GB မော်ဒယ်ကို ယွမ် ၄,၄၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်း ၈ သောင်းလောက်ရှိပါတယ်။ အဲဒီ မော်ဒယ်ကို ဧပြီလ ၄ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena