Xiaomi ရဲ့ ဆယ်နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ Ultra စမတ်ဖုန်း နှစ်လုံးကို တပြိုင်တည်း မိတ်ဆက်လာခဲ့ပြီး Mi 10 Ultra အပြင် Redmi K30 Ultra ကိုပါ ပွဲထုတ်လာတာ ဖြစ်ပါတယ်။ K30 Ultra မှာ MediaTek Dimensity 1000+ ချစ်ပ်ဆက် ပါဝင်ပြီး K30 Pro ရဲ့ နှစ်ဆ ဖြစ်တဲ့ 120Hz Refresh Rate နဲ့ 33W အားသွင်းစနစ်တို့ကို သင့်တင့်တဲ့ စျေးနှုန်းအောက်ကနေ ယူဆောင်လာခဲ့တာပါ။

ကျန်တဲ့ Specs တွေကတော့ K30 Pro နဲ့ တူညီပြီး 6.67” AMOLED Display ၊ 20MP Pop-up ဆဲလ်ဖီးကင်မရာနဲ့ 64MP အဓိကကင်မရာ ဦးဆောင်တဲ့ Quad-cam တို့ကို တွေ့ရမှာပါ။ သူ့ကို 13MP Ultrawide, 5MP Macro နဲ့ 2MP Depth Sensor တို့က ဝန်းရံထားပါတယ်။

အဓိက အပြောင်းအလဲတစ်ခုဖြစ်တဲ့ MediaTek ရဲ့ Flagship အဆင့် Dimensity 1000+ ချစ်ပ်ဆက် ကိုတော့ 6/8GB RAM တွဲဖက်ထားပြီး Storage ပမာဏက 128/ 256/ 512GB သုံးမျိုး ရွေးချယ်နိုင်မှာပါ။ ဘက္ထရီက 4500 mAh ဖြစ်ပြီး 33W အားသွင်းစနစ်နဲ့ လာပါတယ်။ Software ပိုင်းမှာ Android 10 အပေါ်က MIUI 12 ကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။

Redmi K30 Ultra စမတ်ဖုန်းကို အနိမ့်ဆုံး 6/128GB မော်ဒယ်အတွက် ယွမ် ၁၉၉၉ (မြန်မာငွေ လေးသိန်း) သတ်မှတ်ထားကာ အမြင့်ဆုံး 8/512GB မော်ဒယ်ကို ယွမ် ၂၆၉၉ (မြန်မာငွေ ငါးသိန်းသုံးသောင်း) သာ ကျသင့်မှာ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းမှာ ဩဂုတ် ၁၄ ရက်ကနေ စတင်ရောင်းချမှာဖြစ်ပေမယ့် နိုင်ငံတကာစျေးကွက်ကို မိတ်ဆက်မယ့်ရက်စွဲတော့ မသိရသေးပါဘူး။

Ref – GSMArena