တရုတ်က နာမည်ကျော် Tipster ၁ ယောက်က နောက်ထုတ်မယ့် Redmi K40 Series ဟာ ၂ လုံး မဟုတ်ဘဲ ၃ လုံး ပါလာနိုင်တယ်လို့ ပြောပါတယ်။ K40 , K40S နဲ့ K40 Pro တို့ ဖြစ်နိုင်ပါတယ်။

Redmi K40 to come with upcoming sub-flagship chipset - Gizmochina

အဲဒီ စမတ်ဖုန်းတွေနဲ့ ပတ်သက်ပြီး အရင်က သတင်းများစွာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပြီး မကြာခင်က ထွက်ခဲ့တဲ့ Teaser အရ Pro မော်ဒယ်မှာ Snapdragon 888 Chipset  မောင်းနှင်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၂,၉၉၉ ယွမ် ရှိမယ်လို့ သိရပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၆ သိန်း ၂ သောင်းလောက် ကျသင့်မှာပါ။ တရုတ်မှာတော့ ဒါဟာ ဈေးတော်တော်ချိုပြီး တခြားနိုင်ငံတွေမှာ ဒီထက် ဈေးများနိုင်ပါတယ်။

Xiaomi's new midranger may come with sm7350 chip, OLED panel, 64MP camera;  Could it be Redmi K40? - Gizmochina

Digital Chat Station က အဲဒီ Pro မော်ဒယ်မှာ 108MP ပင်မ ကင်မရာ ၁ လုံး ပါလာမယ်လို့ ပြောပါတယ်။ အဲဒီ Redmi K40 Series တွေကို ဒီလကုန်မှာ ကြေညာနိုင်တဲ့အတွက် တရားဝင် သတင်းအချက်အလက်တွေကို သိရဖို့ သိပ်မလိုတော့ပါဘူး။

Redmi Product Director Wang Teng Thomas က Snapdragon 888 ပါတဲ့ K40 မော်ဒယ် အနည်းဆုံး ၂ လုံး ထွက်လာမယ်လို့ ဝီဘိုကနေ အတည်ပြုထားပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ Redmi က ဈေးအမျိုးမျိုးရှိတဲ့ K30 Series စမတ်ဖုန်း များစွာကို ကြေညာခဲ့ပါတယ်။ ၂၀၂၀ နှစ်အစမှာ Redmi K30 5G နဲ့ ဖေဖော်ဝါရီလမှာ Redmi K30 Pro , K30 Pro Zoom တို့ကို ချပြခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးစလုံးမှာ Snapdragon 865 Chipset မောင်းနှင်ထားပြီး Specs တွေက တူညီကြပါတယ်။ ဒါပေမယ့် Zoom Edition မှာ ကင်မရာတွေ ပိုကောင်းပါတယ်။

Ref : gsmarena