Xiaomi ဟာ အခုနှစ်မှာ Qualcomm Snapdragon 865 Chipset ကို အသုံးပြုထားတဲ့ Flagship စမတ်ဖုန်းတွေ အများအပြားမိတ်ဆက်ထားခဲ့ပြီးတော့ အဆိုပါဖုန်းတွေထဲမှာ Redmi K30 Series ကလည်း အများဆုံးပါဝင်တာဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်ရှိထားတဲ့ Redmi K30S အပြင် Redmi K30 Pro နဲ့ K30 Pro Zoom Edition ဆိုပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Redmi K30 Pro စမတ်ဖုန်းဟာ Display အနေနဲ့ Pop-up Selfie Camera ကို အသုံးပြုထားပြီး Full Screen Experience ကို အပြည့်အဝပေးစွမ်းနိုင်တဲ့ AMOLED Display ကို အသုံးပြုလာခဲ့တာပါ။ ဒါက Refresh Rate ပိုင်းမှာတော့ အားနည်းသွားပြီးတော့ တခြားသော High Refresh Display ပါဝင်တဲ့ စမတ်ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်ခဲ့ခြင်းမရှိပါဘူး။ အဲ့ဒါကြောင့်လည်း နောက်ထပ် High Refresh Rate Display ပါဝင်တဲ့ Redmi K30 Ultra နဲ့ Redmi K30S လိုမျိုး ဖုန်းတွေကို ထပ်မံမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အခုလည်း နောက်နှစ်မှာ မိတ်ဆက်လာမယ့် Redmi K40 Pro ဖုန်းနဲ့ ပတ်သက်တဲ့သတင်းအချို့ကပေါက်ကြားလာခဲ့ပါပြီ။ အဆိုပါ သတင်းကိုတော့ နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။

Digital Chat Station ရဲ့ ပြောကြားချက်အရ Redmi K40 Pro စမတ်ဖုန်းမှာ လက်ရှိ Redmi K30S လိုမျိုး 144Hz LCD Display အစား အနည်းဆုံး 90Hz Refresh Rate ကို Support လုပ်နိုင်တဲ့ AMOLED Display ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Fast Charging ပိုင်းမှာလည်း လက်ရှိ 33W ထက် ပိုမိုမြန်ဆန်တဲ့ Fast Charging နည်းပညာကို အသုံးပြုလာမယ်လို့ သိရပါတယ်။

Xiaomi ဟာ လာမယ့် ၂၀၂၁ ဇန်နဝါရီလအတွင်းမှာ Mi 11 Series စမတ်ဖုန်းတွေကို အရင်ဆုံးမိတ်ဆက်သွားမှာဖြစ်ပြီး Redmi K40 Pro ကိုတော့ Mi 11 Series မိတ်ဆက်ပြီးမှ ဖေဖော်ဝါရီလအတွင်းမှပဲ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။

Ref – Gizmo China