Xiaomi ဟာ Snapdragon 888 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်တဲ့ Mi 11 ကို မကြာခင်ကမှ ကြေညာခဲ့ပြီး အခုတော့ အမွှာ ကုမ္ပဏီ Redmi ကလည်း နောင်တော်ရဲ့ ခြေရာအတိုင်းလိုက်လာတော့မှာပါ။ Redmi K40 Series မှာလည်း အဲဒီ Chipset သုံးထားမယ်လို့ အတည်ပြုထားပြီးပါပြီ။ အခုတော့ Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က Redmi K40 Series ကို နောက်လ ကြေညာမယ်လို့ ဝီဘိုကနေ အသိပေးလိုက်ပြီး အဓိက လုပ်ဆောင်ချက်တချို့ကိုလည်း မျှဝေလိုက်ပါတယ်။

Redmi K40 Series Teaser Poster

Redmi K40 နဲ့ K40 Pro ဆိုပြီး အနည်းဆုံး ၂ မျိုး ထွက်လာနိုင်ကာ ဒီထက်လည်း များနိုင်ပါတယ်။ အရင်နှစ်ကတော့ Redmi K30 မော်ဒယ်များစွာနဲ့ K30 Pro Zoom Edition တို့ကို ကြေညာခဲ့ပါတယ်။ Lu Weibing က Snapdragon 888 Chipset ကို Pro Version မှာပဲ ထည့်သွင်းထားမှာ ဖြစ်ပြီး ၂,၉၉၉ ယွမ်က စမယ်လို့ ပြောတဲ့အတွက် ၆ သိန်း ၂ သောင်းလောက် ကျသင့်မှာပါ။ K40 Pro ဟာ SD888 ပါတဲ့ ဈေးအချိုဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

Redmi K40 Allegedly Spotted on Certification Website With Model Number M2011K2C | Technology News

ဒါ့အပြင် Lu Weibing က K40 Pro မှာ ဈေးအကြီးဆုံး မျက်နှာပြင် ပါလာမှာဖြစ်ပြီး ဘက်ထရီက 4,000mAh အထက်မှာ ရှိမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဈေးကြီးတဲ့ မျက်နှာပြင်ဆိုတော့ AMOLED ဖြစ်နိုင်ပြီး Pro Version မှာပဲ ထည့်သွင်းထားနိုင်ပါတယ်။ Mi 10T နဲ့ Mi 10T Pro မှာလို အဲဒီ Series အားလုံးမှာ 144Hz Refresh Rate LCD မျက်နှာပြင်လည်း ပါကောင်းပါလာနိုင်ပါတယ်။

Ref : gizmochina