Xiaomi ရဲ့ Redmi Brand ဟာ စမတ်ဖုန်း နယ်ပယ်မှာ အောင်မြင်နေပါတယ်။ Redmi K30 Series ဟာ အရမ်းကို လူကြိုက်များခဲ့ပြီး အခုဆိုရင် Redmi ဟာ K40 Series တွေကို မိတ်ဆက်ဖို့ပြင်ဆင်နေပါပြီ။ Redmi K40 Series စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေလည်း အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေပါပြီ။ အဲဒီ ဖုန်းတွေမှာ 120Hz OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားမှာပါ။

Redmi K40 Details Leak

အရင်သတင်းအရ Redmi K40 Pro ဟာ စွမ်းရည်မြင့် Snapdragon 875 Chipset  ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမယ်လို့ သိရပါတယ်။ အဲဒီ Chipset ကို ဒီဇင်ဘာလ အစောပိုင်းမှာ ကြေညာနိုင်ပြီး 5nm Process နဲ့ တည်ဆောက်ထားတာက Huawei HiSilicon Kirin 9000 , Apple A14 Bionic တွေနဲ့ တူညီမှာပါ။

Redmi K30

Redmi K40 မှာ 5G ဆက်သွယ်မှု ပါတဲ့  MediaTek Dimensity 1000+ SoC မောင်းနှင်ထားနိုင်ပြီး Sony IMX686 64MP Main ကင်မရာနဲ့ 33W Fast Charging နည်းပညာတွေ ပါလာမယ်လို့ သိရပါတယ်။ Snapdragon 775G SoC မောင်းနှင်ထားမယ်လို့လည်း သတင်းထွက်နေပါတယ်။

Redmi ရဲ့ အထွေထွေမန်နေဂျာ Lu Weibing က Redmi K30 Pro ထုတ်လုပ်ရောင်းချတာ ရပ်နားတော့မယ်လို့ မကြာခင်က သတင်းပေးထားတဲ့အတွက် Redmi K40 Series တွေ မကြာခင် ထွက်လာနိုင်ပါတယ်။ Redmi K40  ကို ဒီနှစ်ကုန်နဲ့ Pro ကို နောက်နှစ် ပထမ ၃ လအတွင်း ရောင်းချနိုင်ပါတယ်။

Ref: gizmochina