Redmi ဟာ K40 Series ကို ဖေဖော်ဝါရီလမှာ ကြေညာမယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်က သတင်းပေးခဲ့သလို K40 Series ရဲ့ အဓိက Specs တွေနဲ့ ဈေးနှုန်းကိုလည်း အသိပေးထားပါတယ်။ အခုတော့ Redmi Product Director Wang Teng Thomas က Snapdragon 888 ပါတဲ့ K40 မော်ဒယ် အနည်းဆုံး ၂ လုံး ထွက်လာမယ်လို့ ဝီဘိုကနေ အတည်ပြုလိုက်ပါတယ်။

Wang Teng Thomas more than one SD888 phones

ပြီးခဲ့တဲ့ နှစ်မှာ Redmi က ဈေးအမျိုးမျိုးရှိတဲ့ K30 Series စမတ်ဖုန်း များစွာကို ကြေညာခဲ့ပါတယ်။ ၂၀၂၀ နှစ်အစမှာ Redmi K30 5G နဲ့ ဖေဖော်ဝါရီလမှာ Redmi K30 Pro , K30 Pro Zoom တို့ကို ချပြခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးစလုံးမှာ Snapdragon 865 Chipset မောင်းနှင်ထားပြီး Specs တွေက တူညီကြပါတယ်။ ဒါပေမယ့် Zoom Edition မှာ ကင်မရာတွေ ပိုကောင်းပါတယ်။

Redmi K40 to reportedly launch this month; K40 Pro coming in Q1 2021 - Gizmochina

SD888 ပါလာမယ့် Redmi K40 Series ထဲက ၁ လုံးဟာ K40 Pro ဖြစ်နိုင်ပြီး နောက် ၁ လုံးက K30 Pro Zoom Edition ရဲ့ မျိုးဆက်သစ် ဖြစ်လာနိုင်ပါတယ်။ SD888 မော်ဒယ် အပြင် Redmi က MediaTek or Snapdragon Chip အသစ် ပါတဲ့ ရိုးရိုး Redmi K40 ကိုလည်း ကြေညာနိုင်ပါတယ်။

Redmi က Redmi K40 Series ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၂,၉၉၉ ယွမ် တန်ကြေးရှိမယ်လို့ ပြောထားတဲ့အတွက် ၆ သိန်း ၂ သောင်းလောက် ကျသင့်နိုင်ပါတယ်။ ဈေးအကြီးဆုံး မျက်နှာပြင်ပြားနဲ့ 4,000mAh ဘက်ထရီ ပါလာနိုင်ပြီး Punch Hole ၊ မြင့်မားတဲ့ Refresh Rate တွေ ထည့်သွင်းထားနိုင်ပါတယ်။ K40 Series ရဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ နောက်လ မိတ်ဆက်ပွဲ မတိုင်ခင် သတင်းအချက်အလက်တွေ ပိုထွက်လာနိုင်ပါတယ်။

Ref : gizmochina