Redmi ဟာ K50i 5G ကို မကြာခင် ကြေညာတော့မယ်လို့ သတင်းထွက်လာပြီး ဒီလ နှောင်းပိုင်း အိန္ဒိယမှာ ချပြတော့မှာ ဖြစ်ပါတယ်။

ပေါက်ကြားသတင်းတွေအရ Redmi K50i 5G ဟာ တရုတ်မှာ မေလက ကြေညာခဲ့တဲ့ Redmi Note 11T Pro+ 5G ကို နာမည်ပြောင်းထားတာ ဖြစ်ပါတယ်။ Redmi K50i 5G မှာ 6GB + 128GB Storage နဲ့ 8GB + 128GB Storage တွေ ထည့်သွင်းထားနိုင်ပြီး အနက်၊ အပြာနဲ့ ငွေရောင်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။

Redmi K50i 5G: Xiaomi Redmi Note 11T Pro re-brand headed to India with a MediaTek Dimensity 8100 chipset - NotebookCheck.net News

Redmi K50i 5G မှာ ၆.၆ လက်မ IPS LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Full HD+ Resolution နဲ့ 144Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ Mediatek Dimensity 8100 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM အထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ 128GB Storage ပါလာမှာ ဖြစ်ပြီး Android 12 OS အခြေပြု MIUI 13 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

Redmi K50i 5G မှာ 67W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပါတယ်။ ကင်မရာတွေအကြောင်းပြောရရင် အရှေ့ဘက်မှာ 16MP နဲ့ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Depth ၃ လုံး ပါလာမှာ ဖြစ်ပါတယ်။

Ref : gizmochina