Redmi K50i ကို ဇူလိုင်လ ၂၀ ရက်နေ့မှာ အိန္ဒိယဈေးကွက်တွင်း မိတ်ဆက်ဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ဒီအတောအတွင်း ကုမ္ပဏီက ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို ကြေညာလာပါတယ်။ ဒီဖုန်းဟာ Dimensity 8100 chipset ကို အသုံးပြုထားကြောင်းလည်း အတည်ပြုလာပါတယ်။

Xiaomi ဟာ Redmi K50i အတွက် AnTuTu ရမှတ်ကို လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မျှဝေပေးခဲ့ပါတယ်။ K50i ရဲ့ ရမှတ်က 822,274 ဖြစ်ပြီး နှိုင်းယှဉ်ချက်တွေအရ Snapdragon 888, A15 Bionic (4 Core) တို့ထက် သိသိသာသာကို ရလဒ်ကောင်းမွန်နေတာ တွေ့မြင်ရပါတယ်။ ဒါဟာ အရောင်းမြှင့်တင်ရေးအတွက် တင်တာဆိုပေမဲ့ တကယ်ထိရောက်တဲ့ အချက်အလက်လို့ ဆိုနိုင်ပါတယ်။

လက်တလောထင်မြင်ယူဆချက်တွေအရ Redmi K50i ဟာ Redmi Note 11T Pro+ လို့ နာမည်ပြောင်းထားတယ်လို့ ပြောနိုင်ပါတယ်။ ဒီဖုန်းဟာ Dimensity 8100 chipset ကိုလည်း အသုံးပြုထားပါတယ်။ 6.6-inch, 144Hz IPS LCD (FHD+, 20.5:9) မျက်နှာပြင်လည်း ဖြစ်ပါတယ်။ ကင်မရာတွေအဖြစ် ကျောဘက်မှာ 64+8+2MP ကင်မရာသုံးလုံးနဲ့ အရှေ့မှာ 16MP selfie ကင်မရာ တစ်လုံးပါဝင်ပါတယ်။ ဘက်ထရီပမာဏက 4,400mAh ဖြစ်ပြီး 120W fast charging ကို ထောက်ပံ့ပေးထားတာကြောင့် ၁၀ မိနစ်အတွင်း 0-50% နဲ့ ၁၉ မိနစ်အတွင်း 0-100% နှုန်းနဲ့ အားပြန်သွင်းနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ K50i spec sheet မှာတော့ ဈေးကွက်အလိုက် ကွဲလွဲမှုတွေ ရှိလာနိုင်ပါတယ်။ Redmi K50i ရဲ့ ခန့်မှန်းဈေးနှုန်းတွေကတော့ 6/128GB အတွက် ₹27,000 (၆ သိန်း ၃ သောင်း ဝန်းကျင်)နဲ့ 8/256GB အတွက် ₹32,000 (၇ သိန်းခွဲဝန်းကျင်) ဖြစ်ပါတယ်။

Ref: GSM Arena