Redmi ဟာ Note 12 Series ကို မကြာခင်က တရုတ်မှာ ကြေညာခဲ့ပြီး ဒီနှစ်မကုန်ခင် Redmi K60 Series ကို မိတ်ဆက်မယ်လို့ ထင်ပါတယ်။ အခုတော့ K60 ရဲ့ Concept ဓါတ်ပုံ ၁ ပုံ အွန်လိုင်းမှာ ထွက်ပေါ်လာပြီး Redmi K50 Series နဲ့ ယှဉ်ရင် အနောက်ဘက် ဒီဇိုင်းကို ဆန်းသစ်ထားပါတယ်။

Redmi K60's Concept Device Renders Revealed - xiaomiui

အဲဒီ Redmi K60 ရဲ့ ဓါတ်ပုံဟာ တကယ့် အစစ်အမှန်လားဆိုတာ အတည်မပြုနိုင်သေးသလို Fan က ဖန်တီးထားတဲ့ ဓါတ်ပုံလား၊ တကယ့် ဖုန်းကို အခြေခံကာ ဖန်တီးထားသလားဆိုတာလည်း မသိရသေးပါဘူး။

Redmi K50 Series Detailed Review - xiaomiui

ဓါတ်ပုံအရ မျက်နှာပြင်ပြား တပ်ဆင်ထားပြီး မျက်နှာပြင် အထက် အလယ်မှာ Punch Hole ၁ ခု ပါပါတယ်။ ဒီဈေးတန်း ဝန်းကျင်မှာ ရှိတဲ့ ဖုန်း ၁ လုံးအတွက် မျက်နှာပြင် ဘေးဘောင်တွေဟာ အနည်းငယ်ထူနေပါတယ်။

ညာဘက်ခြမ်းမှာ အသံနဲ့ ပါဝါ ခလုတ်တွေ တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာကို ပါဝါခလုတ်အောက်မှာ မြှပ်နှံထားနိုင်ပါတယ်။ အနောက်ဘက်မှာ လေးထောင့်ပုံ ကင်မရာ အကွက် ပါလာပြီး ထောင့်စွန်းတွေက လုံးဝန်းပါတယ်။ ပထမ ကင်မရာရဲ့ အောက်မှာ ပိုကြီးတဲ့ Lens ထည့်သွင်းထားပြီး အောက်ဆုံးမှာ စတုရန်းပုံ ကင်မရာ ပါပါတယ်။

ပေါက်ကြားသတင်းတွေအရ Redmi K60 မှာ ၆.၆၇ လက်မ AMOLED 120Hz မျက်နှာပြင်နဲ့ Dimensity 8200 Chipset ပါလာနိုင်ပါတယ်။ 67W Fast Charging ထောက်ပံ့တဲ့ 5,500mAh ဘက်ထရီ တပ်ဆင်ထားနိုင်ပြီး အနောက်ဘက်မှာ OIS ထောက်ပံ့တဲ့ 64MP Sony IMX686 Main ကင်မရာ ပါလာနိုင်ပါတယ်။

K60 Series မှာ K60 အပြင် K60 Pro နဲ့ K60 Gaming တွေ ပါလာနိုင်ပြီး K60 Pro နဲ့ K60 Gaming မှာ Snapdragon 8 Plus Gen 1 နဲ့ Snapdragon 8 Gen 2 Chipset တွေ အသီးသီး ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina