Redmi က K60 Series ထဲမှာ စွမ်းရည် အနိမ့်ဆုံး K60E ကို ကြေညာလိုက်ပါတယ်။ K60E ရဲ့ ဒီဇိုင်းဟာ K60 , K60 Pro တို့နဲ့ မတူညီပါဘူး။ လေးထောင့်ပုံ ကင်မရာ Island ထဲမှာ ကင်မရာ ၃ လုံးကို တြိဂံပုံ ထည့်သွင်းထားပြီး ပင်မ ကင်မရာက တခြား ၂ လုံးထက် ပိုကြီးပုံရပါတယ်။ အရှေ့ဘက်မျက်နှာပြင်ရဲ့ အထက် အလယ်မှာ Punch Hole ၁ ခု ထည့်သွင်းထားပါတယ်။

Xiaomi launches Redmi K60 series, Pro version gets Snapdragon 8 Gen 2

Redmi K60E မှာ ၆.၆၇ လက်မ Samsung OLED 2K မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာပြီး 480Hz Touch Sampling Rate, 8-bit Color Depth နဲ့ 1200nits Peak Brightness ထည့်သွင်းထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

Dimensity 8200 SoC မောင်းနှင်ထားပြီး 16GB LPDDR5 RAM နဲ့ 512GB UFS 3.1 Storage အထိ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ 48MP ပင်မ (OIS) , 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 20MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ 67W Fast Charging ထောက်ပံ့တဲ့ 5,500mAh ဘက်ထရီ ပါလာပါတယ်။

Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပြီး 5G, WiFi 6, Bluetooth 5.3 , NFC , IR Blaster , USB Type-C ပါလာပါတယ်။ Black, White နဲ့ Cyan ၃ ရောင် ထုတ်လုပ်ထားပြီး တရုတ်မှာ ရောင်းချလိုက်ပါပြီ။

ဈေးနှုန်း

  • 8GB + 128GB: 2199 Yuan ($315)
  • 8GB + 256GB: 2399 Yuan ($344)
  • 12GB + 256GB: 2599 Yuan ($373)
  • 12GB + 512GB: 2799 Yuan ($401)

Ref : gizmochina