Xiaomi ကနေ အခုအချိန်မှာ Redmi K70 Series ဖုန်းတွေကို တရုတ်နိုင်ငံစျေးကွက်အတွက် တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Redmi K70 Series ဖုန်းတွေထဲမှာ Redmi K70 နဲ့ Redmi K70 Pro ဖုန်းတွေဟာ လက်ရှိမှာ အမြင့်မားဆုံး Specification တွေ၊ Qualcomm Snapdragon Flagship Processor တွေပါဝင်တာကြောင့် စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းတွေဖြစ်လာမှာပါ။

ဒီဇိုင်းပိုင်းမှာ Redmi K70 နဲ့ K70 Pro ဖုန်းတွေဟာ Flat Design ကိုမှ Metal Frame ကို အသုံးပြုထားပြီး နောက်ဖက်မှာ လေးထောင်ပုံစံ Camera Design ကို ထည့်သွင်းပေးထားပါတယ်။

Display ပိုင်းမှာ Redmi K70 နဲ့ K70 Pro ဖုန်း ၂ လုံးစလုံးမှာ တူညီတဲ့ 6.67″ TCL C8 OLED Display ကို အသုံးပြုထားပြီး 2K Resolution အပြင် 120Hz Refresh Rate ကိုပါ ထောက်ပံ့ပေးထားမှာပါ။ အဆိုပါ Display တွေရဲ့ ထူးခြားချက်က အမြင့်မားဆုံး 4000nits Peak Brightness ကို ထောက်ပံ့ပေးနိုင်တဲ့အပြင် 3840Hz PWM High-Frequency Dimming စနစ်လည်းပါဝင်ဦးမယ်လို့ သိရပါတယ်။ ဒါ့အပြင် HDR10+ နဲ့ Dolby Vision နည်းပညာတွေလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

Camera ပိုင်းမှာ Redmi K70 နဲ့ K70 Pro ဖုန်းတွေဟာ 50MP 1/1.55″ Primary Camera နဲ့ 12MP Ultrawide Camera ပါဝင်တာ အတူတူပဲဖြစ်ပြီး Redmi K70 Pro ဖုန်းမှာ 2x Zoom ရရှိနိုင်မယ့် 50MP Telephoto Camera ပါဝင်မှာဖြစ်ပါတယ်။ Redmi K70 ဖုန်းမှာတော့ Telephoto Camera အစား 2MP Macro Sensor ကိုပဲ ထည့်သွင်းပေးထားပါတယ်။ Selfie Camera အနေနဲ့ 16MP Punch-hole Camera ကိုပဲ ဖုန်း ၂ လုံးစလုံးမှာ အသုံးပြုထားပါတယ်။

Performance ပိုင်းမှာ Redmi K70 ဖုန်းဟာ Qualcomm ရဲ့ Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားပြီး Redmi K70 Pro ဖုန်းကတော့ နောက်ဆုံးထွက်ရှိထားတဲ့ Snapdragon 8 Gen 3 Chipset ကို သုံးထားမှာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်း ၂ လုံးစလုံးဟာ အမြင့်ဆုံး 24GB LPDDR5 RAM အပြင် 1TB UFS 4 Storage ကို ထောက်ပံ့ပေးနိုင်မှာပါ။ Cooling ပိုင်းအတွက် 5000mm2 Heat Dissipation System လည်းပါဝင်မယ်လို့ သိရပါတယ်။

Battery အနေနဲ့ 5000mAh Battery ကိုထည့်သွင်းထားပြီး 120W Fast Charging ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ တခြား Feature တွေအနေနဲ့ Under-Display Fingerprint Sensor ၊ Wi-Fi 7 ၊ IR Blaster ၊ Bluetooth 5.4 ၊ X-Axis Linear Motor တွေပါဝင်မှာဖြစ်ပြီး Android 14 ကို အခြေခံထားတဲ့ HyperOS ကို အသုံးပြုလာမှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Redmi K70 ဖုန်းဟာ RAM 12GB + 256GB Version ကို တရုတ်ယွမ်ငွေ ၂,၄၉၉ (မြန်မာငွေ ၁၃ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး Redmi K70 Pro ဖုန်းကတော့ RAM 12GB + 256GB Version ကို ယွမ် ၃,၂၉၉ (မြန်မာငွေ ၁၇ သိန်းဝန်းကျင်) နဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China