Xiaomi ဟာ လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ Redmi K70 Series ဖုန်းတွေကို တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ အဆိုပါ Redmi K70 Series ဖုန်းတွေထဲမှာ Redmi K70 ၊ Redmi K70 Pro နဲ့ Redmi K70E ဖုန်းတွေပါဝင်မှာဖြစ်ပါတယ်။

အစောပိုင်းတုန်းက Xiaomi ကနေ Redmi K70E ဖုန်းမှာ MediaTek Dimensity 8300-Ultra Chipset အသစ်ကို အသုံးပြုထားမယ်ဆိုတာကို အတည်ပြုပေးခဲ့ပြီး 12-bit 1800nits Peak Brightness ရရှိတဲ့ 1.5K AMOLED Display ၊ 90W Fast Charging ပါဝင်မယ့် 5500mAh Battery ပါဝင်မယ်ဆိုတာကိုပါ တရားဝင် ဖော်ပြခဲ့ပါတယ်။

အခုလည်း Xiaomi ကနေ Redmi K70 Series ဖုန်းတွေမှာ လောလောဆယ် အမြင့်ဆုံးဖြစ်လာမယ့် Redmi K70 Pro ဖုန်းအကြောင်းကို ထပ်မံဖော်ပြခဲ့ပါတယ်။ အဓိကအချက်ကတော့ Redmi K70 Pro ဖုန်းဟာ လက်ရှိ Xiaomi 14 Series လိုမျိုးပဲ Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 8 Gen 3 Flagship Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။

Snapdragon 8 Gen 3 Chipset အပြင် Xiaomi ကနေ Redmi K70 Pro ဖုန်းမှာ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ အပူစီးကူးပျံ့နှံ့စေတဲ့ Material အသစ်တွေနဲ့ ပြုလုပ်ထားတဲ့ Ice-Cooling System အသစ်ကိုပါ ထည့်သွင်းထားမယ်လို့ သိရပါတယ်။

ဒါကြောင့် Redmi K70 Series ဖုန်းတွေထဲမှာ K70E နဲ့ K70 Pro ဖုန်းတွေမှာ အသုံးပြုထားမယ့် Chipset တွေကိုတော့ သိရှိရပြီဖြစ်ပြီး Redmi K70 ဖုန်းမှာတော့ Snapdragon 8 Gen 2 Chipset ကို အသုံးပြုလာမယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။ အဆိုပါ Redmi K70 Series ဖုန်းတွေဟာ ယခင်ထက် AI ပိုင်းကို ပိုမိုအာရုံစိုက်လာမယ်လို့လည်း ကြေညာထားပါတယ်။

Ref – Gizmo China